ထားဝယ်တွင် ညမထွက်ရအချိန်ကန့်သတ်ချက် လျှော့ချ
Dawei Watch
October 27, 2023ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက ကန့်သတ်ထားသည့် ညမထွက်ရအချိန်အား အောက်တိုဘာလ ၂၇ ရက်နေ့မှစကာ လျှော့ချလိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယခင်က ညမထွက်ရအချိန်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ယနေ့ညမှစကာ ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ အချိန်လျှော့ချ ပြောင်းလဲသတ်မှတ်ကြောင်းကို ထားဝယ်မြို့အတွင်း လှည့်လည်ကြေညာနေသည့်အပြင် စည်ပင်သာယာဈေးကြီးနှင့် ကားဂိတ်တွင်လည်း လော်စပီကာဖြင့် လိုက်အော်နေကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ အခြားမြို့ခံတစ်ဦးကမူ စစ်ကောင်စီက ညမထွက်ရအချိန်လျှော့ချလိုက်သော်လည်း စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖမ်းဆီး၊ စစ်ဆေးမှုများလုပ်မည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများမှာ သွားလာရဲမည် မထင်ကြောင်း ဆိုသည်။ “ဖြေလျှော့လည်းဘယ်သူမှ မထွက်တော့ဘူး။ ဈေးသမားတွေအတွက်တော့ အဆင်ပြေမယ်။ မနက်ပိုင်းအချိန် လျှော့ရင်လေ။ ညအတွက်တော့ […]