ရေဖြူတွင် စစ်တပ်ဆေးမှုထမ်းဟောင်းတစ်ဦး ၁၄ ရက်ကြာအထိ ဆက်သွယ်မရဘဲ ပျောက်နေဟုဆို
Dawei Watch
November 4, 2023ရေဖြူမူးဒူးရွာ တွင် အသက် ၇၄ နှစ်အရွယ်ရှိ စစ်တပ်ဆေးမှုထမ်းဟောင်း တစ်ဦးဖြစ်သည့် ဦးတင်လတ်(ခ)ဆရာမောင်လတ် ဆိုသူမှာ မိသားစု နှင့် ဆက်သွယ်မရသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင် များထံမှသိရ သည်။ ဦးမောင်လတ်သည် ထားဝယ်မြို့ ရှိ နေအိမ်မှ ရေဖြူမြို့နယ် မူးဒူးရွာသို့ အောက်တိုဘာ ၁၈ ရက်နေ့က ဆင်းသွားသည်ဟု ဆိုသည်။ ယင်းနောက် အောင်တိုဘာလ ၂၀ ရက်နေ့ တွင် မိသားစုနှင့် နောက်ဆုံး ဆက်သွယ်ရပြီး ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ ဆက်သွယ်မရဖြစ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဟု မိသားစုဝင် တစ်ဦးကပြောသည်။ “ဗေဒင်သွား မေးတာတော့ ရှိတယ်လို့ပဲပြောတယ်” ဟု မိသားစုဝင်တစ်ဦးက လူပျောက်သဖြင့် ဗေဒင်ဆရာထံသွားမေးခဲ့သည်ကို ပြန်လည်ပြောပြသည်။ ဦးမောင်လတ်သည် မွန်ပြည် အခြေစိုက် […]