BREAKING
May 22, 2025

ထားဝယ်

လောင်းလုံးတွင် စိတ်ဝေဒနာသည်က ဓားဖြင့်လိုက်ထိုးသဖြင့် အမျိုးသားလေးဦးဒဏ်ရာရ

Dawei Watch

November 9, 2023

လောင်းလုံးမြို့နယ် သောကြာပြင်ရွာလမ်းဆုံအနီးတွင် ‌ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စိတ်ဝေဒနာသည်တစ်ဦး ဓားဖြင့်လိုက်ထိုးသဖြင့် အမျိုးသားလေးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဓားဖြင့်ထိုးသူမှာ ကမြောကင်းရွာသား အသက် ၂၀ ကျော်အရွယ်ရှိ ကိုဖြူလင်းကို ဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက မူးယစ်ဆေးကြောင်ပြီး စိတ်မနှံဖြစ်လို့ ရန်ကုန်မှာလည်း ဆေးကုခဲ့ပြီးပြီ။ ပြန်ဖောက်လာတာဖြစ်မယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ဓားထိုးခံရသောကြောင့် သောကြာပြင်လမ်းဆုံ ဆိုင်ကယ်ကယ်ရီဂိတ်အနီးရှိနေသည့် ကိုနေဇော်လတ်ဆိုသူမှာဝမ်းဗိုက်တွင် အပြင်းအထန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ထို့နောက် ကိုသန်းနိုင်နှင့် အခြားအမျိုးသား နှစ်ဦး တွင်လည်း ဓားဒဏ်ရာများရပြီး ဒဏ်ရာရသူများကိုထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။ “သူ့ကိုသွားစကြတယ်လို့ပြောတယ်။ အဲဒါကြောင့် ဓါးနဲ့ လိုက်ခုတ်၊ လိုက်ထိုးတာလို့ […]

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

Dawei Watch

November 9, 2023

သရက်ချောင်းမြို့နယ်၊ စစ်ကောင်စီခန့် ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝေ ယနေ့(နိုင်ဝင်ဘာ ၉) နံနက် ၉ နာရီခန့်တွင် ဆင်စွယ်ချောင်းရွာ၌ ပစ်သတ်ခံရကြောင်း‌ ဒေသခံများထံမှသိရသည်။ ဦးစိုးဝေမှာ ဆင်စွယ်ချောင်းကျေးရွာကို တစ်ဦးတည်း ဆိုင်ကယ်ဖြင့်သွားစဉ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဆင်စွယ်ချောင်းရွာမှာ ပဲဒက်ကျေးရွာအုပ်စုထဲမှ ရွာတစ်ရွာဖြစ်ပြီး ပဲဒက်ကျေးရွာနှင့်ရွာချင်းကပ်နေကာ သုံးမိုင်ခန့် အကွာအဝေးတွင်တည်ရှိသည်။  “အလောင်းကတော့ အိမ်ပြန်ရောက်လာပြီ” ဟု ၎င်းက ပြောသည်။ အသက် ၅၇ နှစ်ခန့်အရွယ် ဦးစိုးဝေကို ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပဲဒက်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် မေလ ၁၁ ရက်နေ့ကလည်း ပဲဒက်ကျေးရွာရှိ ပျူစောထီးစခန်းလုပ်ထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ ယင်းနေ့က အုပ်ချုပ်ရေးမှူး ဦးစိုးဝေအိမ်နှင့် ပျူအဖွဲ့ဝင် ဦးဥာဏ်လှနေအိမ်၊ မိုင်တဲတာဝါတိုင်တို့ကိုလည်း PDF ပူးပေါင်းတပ်များက […]

ထားဝယ်တွင် ပွင့်လင်းရာသီ အလှူဖိတ်စာ ရိုက်သူနည်း

Dawei Watch

November 9, 2023

ထားဝယ်ခရိုင်အတွင်း ယခုနှစ် ပွင့်လင်းရာသီ အလှူပွဲများကျင်းပလာပြီဖြစ်သော်လည်း ဖိတ်စာရိုက်ကူးသည့်ပမာဏ နည်းနေဆဲဖြစ်ကြောင်း ဖိတ်စာနှင့်ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။ “ကိုဗစ်မတိုင်ခင်ကဆို အလှူတစ်ခုကိုဖိတ်စာစောင်ရေတစ်ထောင်အထက် မှာရှိတယ်။ အခုကျတော့ လုပ်ကြတယ်။ အများစုက စောင်ရေ ၂၀၀ ၊၃၀၀လောက်နဲ့ပြီးလိုက်ကြတယ်။ တချို့ကြလည်း ၁၀၀၊ ၁၅၀လောက်နဲ့ပြီးလိုက်ကြတယ် ။ ရိုးရိုးဖိတ်စာလောက်ပဲရိုက်ကြတော့တယ်“ ဟု ထားဝယ်မြို့ က ဖိတ်စာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။ ဖိတ်စာရိုက်ကူးမှုမှာ နယ်မြေအနေအထားအပေါ်မူတည်ကြောင်း နယ်မြေမအေးချမ်းသည့် ဒေသများတွင် ပွဲသေးများသာကျင်းပကြပြီး နယ်မြေအေးချမ်းသည့် ထားဝယ်မြို့ပေါ်တွင်မူ ပွဲကြီးများလုပ်‌လေ့ရှိကြောင်း မြို့ပေါ်ပွဲကြီးများတွင်မူ ဖိတ်စာစောင်ရေ ထောင်ဂဏန်းအထိ ရိုက်ကြောင်း ဖိတ်စာလုပ်ငန်းရှင်များက ဆိုသည်။ “လဆန်းကနေ ၁၃ ရက်နေ့အထိ လာဖိတ်ထားတဲ့ အလှူပွဲဖိတ်စာ ၁၈ ခုရှိတယ်။ အလှူပွဲတွေကတော့ ပုံမှန်ပြန်ကျင်းပနေတာပဲ။ အသံချဲ့စက်ဖွင့်မရတာတစ်ခုပဲ။ အလှူလာတဲ့ ပရိသတ်ကတော့ အလှူရှင်က ဖိတ်တဲ့အပေါ်မူတည်ပြီး […]

လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တို့ တိုက်ပွဲဖြစ်

Dawei Watch

November 9, 2023

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ ယနေ့(နိုဝင်ဘာ ၉)မနက် ရှစ်နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့မနက် ရှစ်နာရီဝန်းကျင်ခန့်မှစပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “မနက်ကတည်းကကြားနေတယ်။ လက်နက်ကြီးသံ ခုဏကဖုန်းဆက်မေးတော့မှာ နှစ်ဖက်ထိတွေမှု ဖြစ်တယ်လို့ သိရတာ”ဟု ၎င်းကပြောသည်။ နှစ်ဖက်ထိတွေ့မှုကြောင့် သဘောဆိပ်၊ပြင်ကြီး၊ကရင်ကြီး၊ကမ်းပနီစသည့် ဒေသများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု သိရသည်။ အဆိုပါစစ်‌ကြောင်းသည် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကို နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစတင် ရောက်ရှိနေခြင်းဖြစ်ပြီး ကျောက်ဆင်ကျေးရွာ အုပ်စုရှိ ကျောက်ဆင်၊ သဘော့ဆိပ် ၊ပြင်ကြီး၊ကရင်ကြီးနှင့် ကမ်းပနီ ရွာတို့ကို နယ်မြေရှင်းလင်းရန်လာခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မနေ့ မနက်ပိုင်းက ကျောက်ဆင်ရွာတွင် ဒေသခံ ငါးဦးကို စစ်ဆေးမေးမြန်းဖမ်းဆီးခဲ့ပြီး […]

ထားဝယ်တွင် အာလူး၊ ကြက်သွန်ဈေးမြင့်တက်

Dawei Watch

November 8, 2023

ထားဝယ်ဈေးကွက်တွင် အာလူး၊ ကြက်သွန်ဈေးများမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၅၀ဝကျပ်၊ ကြက်သွန်ဖြူများဖြစ်သည့် ထူးလေး တစ်ပိဿာ ၉၅၀ဝကျပ်၊ ထူးငါးတစ်ပိဿာ ၁၀၀၀ဝကျပ်၊ ကြူကုတ် တစ်ပိဿာ ၈၁၀ဝကျပ်သာ ဈေးရှိသည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြက်သွန်နီတစ်ပိဿာ ၄၀၀ဝကျပ်၊ ကြက်သွန်ဖြူ ထူးလေးတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ထူးငါးတစ်ပိဿာ ၁၄၅၀ဝကျပ်၊ ကြူကုတ် တရုတ်ကြက်သွန် တစ်ပိဿာ ၁၄၅၀ဝကျပ်အထိ မြင့်တက်လာသည်။ “မနေ့က လက်လီဈေးမှာ ကြက်သွန်နီတစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ဝယ်လာရတယ်” ဟု ‌ထားဝယ်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။ အာလူး တစ်ပိဿာလျှင် အောက်တိုဘာလ ၂၇ရက်က ၃၀၀၀ ကျပ်သာ ဈေးရှိပြီး ယနေ့တွင် ၄၀၀၀ ကျပ်ဖြစ်လာကြောင် […]

ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်ပျံလွန်တော်မူ

Dawei Watch

November 7, 2023

ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်သည် နိုဝင်ဘာလ ၅ ရက် ည ၉ နာရီကျော်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှသိရသည်။ ဆရာတော်၏ ဘွဲ့အမည်မှာ ဘဒ္ဒန္တ ကေသရဖြစ်ပြီး ပျံလွန်တော်မူချိန် သက်တော် ၈၂ နှစ် သိက္ခာတော် ၆၂ ဝါ ရှိပြီဖြစ်ကြောင်း တပည့်ဒါယကာများထံမှ သိရသည်။ ဆရာတော်သည် ထားဝယ်မြို့ သပြေချောင်းရွာ ငါးကျဲအင်းကျောင်းတွင် ပဓာန နာယက ဆရာတော်အဖြစ် ပျံလွန်တော်မမူခင်အထိ သီတင်းသုံးနေထိုင်ခဲ့ခြင်းလည်းဖြစ်သည်။ “လူကြီးရောဂါပဲ။ ပဝရဏာ ပြုတဲ့နေ့မှာ ဆရာတော်က အအေးမိပြီး‌ နေမကောင်းဖြစ်သွားတယ်။ လူကြီးဆိုတော့ ရောဂါတွေလည်းအစုံ ဖြစ်သွားတာပေါ့နော်” ဟု သပြေချောင်းရွာက တပည့်ဒါယကာတစ်ဦးက ပြောသည်။ ဆရာတော်သည် သက်ရှိထင်ရှားရှိစဉ်က မရမ်းပင်ပဝါရဏာ (သုဓမ္မာ) ဂိုဏ်း၏ […]

နဘုလယ်ဒေသထွက်မီးသွေး ဈေးတက်

Dawei Watch

November 7, 2023

ထားဝယ်ခရိုင် နဘုလယ်ဒေသထွက် မီးသွေး ယခုလအတွင်းဈေးတက်လာကြောင်း ထားဝယ်ဒေသရှိ အိမ်ရှင်မများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လဝန်းကျင်က နဘုလယ်ဒေသထွက် ရိုးရိုးမီးသွေးတစ်အိတ်ကို ကျပ်လေးထောင်ကျော်ဈေးရှိရာမှ ယခု ‌နိုဝင်ဘာလတွင် ခြောက်ထောင်ခန့်ဖြစ်လာကြောင်း ထားဝယ်မြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပြောသည်။ “သူတိုဘက်မှာ တိုက်ပွဲတွေဖြစ်နေကြတော့ မလာတာကြာပြီ။ အခုဝယ်ရတဲ့ဈေးက အမြင့်ဆုံးပါပဲ” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ် ဒေသတွင် တစ်ပိုင်တစ်နိုင်မီးသွေးလုပ်ငန်းလုပ်သည့် ရေဖြူမြို့နယ် နဘုလယ်ဒေသက ခမောင်းချောင်း၊ ဝါးဇွမ်းတော၊ ဧကနိရွာကဒေသခံများသည် ပြီးခဲ့သည့် သုံးလအတွင်း စစ်ပွဲတွေ မတည်ငြိမ်မှုတွေကြောင့် မကြာခဏ အိုးအိမ် စွန်ခွာထွက်ပြေးရသဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများကို ရပ်နားခဲ့ကြရသည်။ “အဲဒီတုန်းကတော့ ကွမ်းသီးလည်း မကောက်နိုင်ဘူး။ မီးသွေးလည်း မထုတ်နိုင်ဘူး” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာလ နောက်ဆုံးပတ်တွင် စစ်ကြောင်းများပြန်လည်ဆုတ်ခွာသွားသည့်အတွက်ကြောင့် ဒေသခံများမှာ မီးသွေးဖုတ်လုပ်ငန်းများ၊ […]

ကံပေါက်ရွာဒေသခံများကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

November 5, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ တွင် နိုဝင်ဘာလ ၄ ရက် ညပိုင်းက ရွာအဝင်သစ်တောလမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် စစ်ကောင်စီက သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ သစ်တောလမ်းဆုံအနီးရှိ မဂ္ဂင်ရပ်ကွက်၊ ရဲရင့်ချောင်း၊ ဆင်ရံတံတားအနီးတွင် အရက်ထိုင်သောက် နေသူတစ်စုကို ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဆင်ရံတံတားအနီးရှိ အရက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အမျိုးသား ၃ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဆင်ရံတံတားအနီး နေထိုင်သူများကဆိုသည်။ “ သေနတ်နဲ့လှန့်ပစ်တော့ အရက်သောက်နေတဲ့လူတွေက အရက်ဆိုင်ထဲဝင်ပြေးသွားတာကို စစ်တပ်က ကားတွေနဲ့ အရက်ဆိုင်ကိုလာဝိုင်းပြီး ဖမ်းသွားတယ်။ လာဝိုင်းတာ ကားတွေတော်တော်များများပါတယ် အိမ်စီးကားတွေရော၊ စစ်ကားတွေရောပါတယ်“ ဟု မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ အဖမ်းခံရသူများ၏ အချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးပေ။ ယင်းဖြစ်စဥ်အပြီးတွင် စစ်ကောင်စီတပ်ကားများ […]