BREAKING
October 19, 2025

ရွှေ့ပြောင်း Infographic

မီဒီယာကို သိနားလည်ခြင်း

diz_admin

March 4, 2023

မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကျွန်တော်တို့တွေဟာ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံကြရပါတယ်။ မီဒီယာတွေက လူထုအယူအဆ ထင်မြင်ချက်တွေကို ထင်ဟပ်စေတာ၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးစေတာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေကို ဖြန့်ဝေတာ စသဖြင့် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကြောင့် မီဒီယာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ရှိဖို့အရေးကြီးလှပါတယ်။

သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်

diz_admin

March 1, 2023

ကမ္ဘာတစ်ဝန်း ပလတ်စတစ် အမှိုက် မက်ထရစ်တန် ပေါင်း သန်းနဲ့ ချီ နှစ်စဉ် ထုတ်လွှတ်နေပါတယ်။ ကမ္ဘာကြီးရဲ့ ကြမ်းပြင် ၇၀ ရာခိုင်နှုန်းဟာ သမုဒ္ဒရာကြီး ဖြစ်ပါတယ်။ ပလတ်စတစ်တွေ ပင်လယ်သမုဒ္ဒရာထဲ ဘယ်လို ဝင်လာလဲ လေ့လာရအောင်ပါ။

တောင်ပိုင်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ အက်ရာ ကောက်ကြောင်း

diz_admin

February 14, 2023

ကရင်လက်နက်ကိုင် အက်ကြောင်းတွေ တငွေ့ငွေ့ဖြစ်နေတာကြာပါပြီ။ ပြီးခဲ့တဲ့ လကုန်ပိုင်းကမှ လူသိရှင်ကြားဖြစ်လာပြီး လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ ပဋိပက္ခက အမြင့်ဆုံးအဆင့်အထိ ရောက်လာခဲ့တာပါ။ ဒါကြောင့် တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

ပဋိပက္ခကြားက တောင်ပိုင်းဒေသ

diz_admin

February 10, 2023

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာနေပါတယ်။ စစ်အာဏာသိမ်းပြီး ၂ နှစ်ပြည့်ချိန်မှာတော့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာရာမှာ တနင်္သာရီတိုင်းက မြို့နယ် ၂ ခုပါဝင်ခဲ့ပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ သိရမယ့်ကတ် ၆ မျိုး

diz_admin

January 3, 2023

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံသွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား တစ်ယောက်အနေနဲ့ မဖြစ်မနေသိထားဖို့လိုတဲ့ ကတ် ၆ မျိုးရှိပါတယ်။ ဒီကတ် ၆ မျိုးအကြောင်း သိထားမှသာ ထိုင်းမှာ အဆင်ပြေပြေနေနိုင်မှမို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ပညာရေး လမ်းမဆုံးဖို့

diz_admin

December 7, 2022

နိုင်ငံရေး အကျပ်အတည်းနဲ့အတူ မြန်မာလူငယ်တွေရဲ့ ပညာရေးဟာ ရပ်တန့်လုနီးနီးဖြစ်နေပါပြီ။ မြန်မာလူငယ်တွေဟာ အနာဂါတ်ပျောက်သလို ခံစားနေရပြီး မရေရာတဲ့ မြန်မာ့ပညာရေးစနစ်ကို စိတ်ကုန်လာနေပါတယ်။ ဒါကြောင့်လည်း လူငယ်တွေက နိုင်ငံတကာကို ထိုးဖောက်နိုင်မယ့် ပညာရေး လမ်းကြောင်းသစ်ကို ရှာဖွေလာကြပါတယ်။

ကပ်ဘေးကြားက စားနပ်ရိက္ခာ

diz_admin

September 8, 2022

၂၀၁၅ ကနေစပြီး ကမ္ဘာကြီးရဲ့ အစားအသောက် ဖူလုံရေးကို ထိခိုက်လာစေတဲ့ အကြောင်းရင်းတွေ ပိုများလာပါတယ်။ အစားအသောက် ဖူလုံရေးကို ထိခိုက်လာစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ –