ကော့သောင်းမှ ရနောင်းသို့ ရှပ် (ဂုံးချော)များ သယ်လာသော မြန်မာငါးဖမ်းသမား သုံးဦး ဖမ်းဆီးခံရ
Dawei Watch
February 9, 2024ကော့သောင်းမြို့ဘက်မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်သို့ စက်လှေဖြင့် ရှပ် (ဂုံးချော) များ တရားမဝင် သယ်ဆောင် လာသော မြန်မာငါးဖမ်းသမားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းခြေမြန်တပ်ရင်း အမှတ် (၂၅) က ထုတ်ပြန်ထားသည်။ ထိုင်းခြေမြန်တပ်ရင်းနှင့် ရေကြောင်းထိန်းသိမ်းရေးတပ်များ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကင်းလှည့်နေစဉ် ထိုင်း ရေပိုင်နက် ထဲသို့ တရားမဝင် ဝင်လာသော ငါးဖမ်းလှေကို စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများမှာ လှေသမား ကိုကျော်မျိုးထွေးနှင့် နောက်လိုက်များဖြစ်သော ကိုဇော်သိန်းနှင့် ကိုမျိုးအောင်တို့ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စက်လှေပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်ထားသော အလေးချိန် ၅၈၄၀ ကီလိုဂရမ်ရှိ ရှပ်များကိုလည်း တွေ့ရှိရပြီး ပင်လယ်စာသယ်ပို့မှုနှင့် ပက်သက်၍ တရားဝင် အထောက်အထားများကိုလည်း မတွေ့ရှိရကြောင်း ဆိုသည်။ ဖမ်းဆီးခံရသော […]


