မြန်မာလုပ်သားများကို မလေးရှားသို့ တရားမဝင်ပို့နေသော ထိုင်းလူမှောင်ခိုခေါင်းဆောင် ဖမ်းဆီးခံရ
diz_admin
March 9, 2023မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ပေးနေသော ထိုင်းလူမှောင်ခိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းမိကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။ အသက် ၅၃နှစ်အရွယ် Che Mai ဟုခေါ်သော အဆိုပါအမျိုးသမီးကို မတ်လ ၇ရက်တွင် နွန်ထဘူရီခရိုင်ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ပြောသည်။ Che Mai သည် စကဲ့ဝိုခရိုင်ရှိ ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ မန်နေဂျာဖြစ်ပြီး ကိုဗစ်ကာလမတိုင်မီအချိန်တွင် ကမ္ဘောဒီးယားနယ်စပ်မှတစ်ဆင့် ထိုင်းသို့ ကုန်ပစ္စည်းများနှင့် ခရီးသည်များကို ပို့ဆောင်ပေးနေကြောင်း သတင်းတွင် ဖော်ပြသည်။ ကိုဗစ်ကပ်ရောဂါပြန့်ပွားလာမှုကြောင့် နယ်စပ်ဂိတ်များပိတ်သွားချိန်တွင် ကုမ္ပဏီမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ ရသဖြင့် အလုပ်သမားများကို တရားမဝင် ပို့ဆောင်ပေးသည့်လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်လာခဲ့ကြောင်း ရေးသားထားသည်။ ၎င်းသည် မြန်မာအလုပ်သမားများကို […]