ထိုင်းတွင် မြန်မာကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ဆိုကာ မြန်မာတစ်ဦးဖမ်းဆီးခံရ
Dawei Watch
September 12, 2024ထိုင်းနိုင်ငံတောင်ပိုင်း၊ စွန်ခရာခရိုင်တွင် အသက် ၁၃နှစ်အောက် မြန်မာကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့က ဝရမ်းထုတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၅ နှစ်အရွယ် ကိုချမ်းအေးဆိုသူဖြစ်သည်။ အသက်မပြည့်သေးသော သမီးဖြစ်သူနှစ်ဦးကို မြန်မာနိုင်ငံသားတစ်ဦးက အခန်းထဲ လိမ်လည်ခေါ်ဆောင်ခဲ့ပြီး အဓမ္မ ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည်ကို သမီးများက မိဘများထံ ပြန်တိုင်ကြားခဲ့သဖြင့် ပြန်သိရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့များသို့ မိဘများက ဖြေကြားထားသည်။ ကိုချမ်းအေးကို မိဘများက ကနဦး သွားရောက်ပြောကြားခဲ့ရာ ဝန်မခံခဲ့သဖြင့် ရဲစခန်းသို့သွား၍ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် စွန်ခရာခရိုင် တရားရုံးက ဝရမ်းထုတ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားကို နောက်တစ်ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အသက် […]


