တရားမဝင် ဝင်လာသော မြန်မာ ၁၅ ဦး ထိုင်းမြောက်ပိုင်းတွင် ဖမ်းဆီးခံရ
Dawei Watch
August 14, 2024ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်စဝမ်ခရိုင်တွင် ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၅ ဦးကို ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နော်ဘွာဒေသရှိ အမြန်လမ်းတွင် အရှိန်ဖြင့် မောင်းနှင်လာသော ပစ်ကပ်ကားကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဟု သတင်းများကဆိုသည်။ ပစ်ကပ်ကား၏ မှန်များကို ဖလင်အမဲပြားများဖြင့် ကာထားပြီး ကားအနောက်ကိုလည်း အမိုးဖြင့် ဖုံးထားကြောင်း၊ မြန်မာနိုင်ငံသား ၁၅ ဦးမှာ ကားအတွင်းနှင့် ကားအနောက်တွင် ပြည့်ကျပ်စွာ လိုက်ပါလာကြသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ပြည်ဝင်ခွင့်အထောက်အထားများ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသား ကားသမား ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် နော်ဘွာရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။ […]


