အိန္ဒိယနိုင်ငံသားများကို လူမှောင်ခိုကူး၍ မြန်မာနိုင်ငံတွင် ပိတ်လှောင်ထား
diz_admin
September 28, 2022ထိုင်းနိုင်ငံတွင် IT နှင့်ပက်သက်၍ အလုပ်ရမည်ဟုဆိုကာ အိန္ဒိယနိုင်ငံသားများကို လိမ်ညာကာ လူမှောင်ခိုကူးလာပြီး မြန်မာနိုင်ငံတွင် ပိတ်လှောင်ဖမ်းဆီးထားကာ အဓမ္မအလုပ်ခိုင်းစေနေကြောင်း စက်တင်ဘာ ၂၄ ရက်နေ့တွင် မွန်ဘိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှတစ်ဆင့် ထိုင်းနိုင်ငံတွင် IT လုပ်ငန်းလုပ်ကိုင်ရမည်ဟု ကတိပေးကာ ၎င်းတို့ကိုခေါ်ဆောင်လာပြီးနောက် မဲဆောက်-မြဝတီ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်လာခြင်းဖြစ်သည်။ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် အိန္ဒိယနိုင်ငံသား ၃၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သည့် အလုပ်များကို အဓမ္မစေခိုင်းနေကြောင်းကိုလည်း The Times of India က ပြီးခဲ့သည့် ရက်ပိုင်းက ရေးသားဖော်ပြခဲ့သည်။ ရွှေကုက္ကိုလ်မြို့သစ်မှာ မြဝတီမြို့မြောက်ဘက် ဆယ်မိုင်ခန့်အကွာတွင်ရှိပြီး လက်နက်ကိုင်အဖွဲ့များ ကြီးစိုးရာဒေသဖြစ်ပြီး ယင်းစီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များမှာ ရှင်းလင်းခြင်းမရှိပေ။ ယင်းရွှေကုက္ကိုလ်မြို့သစ်တွင် တရားမဝင် လုပ်ငန်းအများအပြား လုပ်ကိုင်နေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း […]


