ကော့သောင်းမှ ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၅ ဦးဖမ်းဆီးခံရ
diz_admin
October 10, 2022ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦးကို ယနေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် အမိုးပိတ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းရရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဖန်ငခရိုင် ခူရာဘူရီဒေသသို့ ဦးတည်သွားနေသော အဆိုပါပစ်ကပ်ကားကို ထိုင်းတပ်မတော်နှင့် တာဝန်ရှိသူများက လမ်းပိုင်း တစ်နေရာတွင် တာဆီးစစ်ဆေးရာတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၆ ဦးနှင့် ထိုင်းနိုင်ငံသား အသက် ၄၄ နှစ်အရွယ် ကားသမားတစ်ဦးတို့ကိုပါ ဖမ်းဆီးရမိကြောင်း […]


