ထိုင်းတောင်ပိုင်းတွင် မြန်မာဟုယူဆရသည့် သတ်ဖြတ်ခံထားရသူ အလောင်း သုံးလောင်းတွေ့
diz_admin
March 16, 2023ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ချုံတောထဲရှိအမှိုက်ပုံတွင် အသတ်ခံထားရသော မြန်မာအလုပ်သမားများဟုယူဆရသည့် အလောင်း ၃ လောင်း တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဟတ်ယိုင်ဒေသနှင့် ဘန့်ကလန်းဒေသကြားရှိ လမ်းမကြီးနှင့် မီတာ ၂၀၀ အကွာရှိ စွန့်ပစ်အမှိုက်ပုံတွင် မတ်လ ၁၅ရက် နံနက် ၇ နာရီခွဲခန့်တွင် တွေ့ရှိခြင်းဖြစ်သည်။ အလောင်းများကို အဝတ်အစား၊ ဖျာနှင့် ပလတ်စတစ်အိတ်များဖြင့် ဖုံးထားသည်ကိုတွေ့ရပြီး ပြီးခဲ့သည့် နှစ်ရက်သို့မဟုတ် သုံးရက်ခန့်က သေဆုံးခဲ့သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြသည်။ အလောင်းတစ်လောင်းတွင် လက်နှင့် ခြေထောက်တို့ကို အဝတ်အစားဖြင့် ချည်ထားကာ လည်ပင်းတွင် ဒဏ်ရာတွေ့ရပြီး ကျန်နှစ်ဦးမှာ ရိုက်နှက်ခံရပြီးသေဆုံးခဲ့သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ သေဆုံးရသည့်ကြောင်းအရင်းကို အသေးစိတ်သိရှိနိုင်ရန်အတွက် ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်နေသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ သေဆုံးသူအချို့ကို လုံချည်ဖြင့်ဖုံးထားသည့်ကိုတွေ့ရသဖြင့် မြန်မာအလုပ်သမားများဖြစ်နိုင်ကြောင်း […]


