BREAKING
October 18, 2025

ရုပ်သံ

စက်မှုအင်ဂျင်နီယာ တစ်ဖြစ်လဲ နေ့စားမီးလိုင်းအလုပ်သမားဘဝ

Dawei Watch

December 31, 2024

စစ်အာဏာသိမ်းဂယက်က အင်ဂျင်နီယာတစ်ယောက်ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့ ပါတယ်။ စက်ယန္တယားကုမ္ပဏီတစ်ခုမှာ မဂ္ဂနစ် (စက်ပြင်) ရာထူးနဲ့ လုပ်ကိုင်ခဲ့တဲ့ ထားဝယ်သား အင်ဂျင်နီယာ ကိုဇော်ထိုက်က ထိုင်းနိုင်ငံရောက်ချိန်မှာတော့ နေ့စားလုပ်သမားအဖြစ်နဲ့ ရုန်းကန်နေရတာပါ။ ကိုဇော်ထိုက်က ထိုင်းတောင်ပိုင်းမှာ ဘဝကို ဘယ်လိုရုန်းကန်ဖြတ်သန်းနေရပါသလဲ။

ကိုယ်ပိုင်ဆိုင်ကယ်ပြင်ဆိုင် ဖွင့်နိုင်ဖို့အိပ်မက် မက်နေတဲ့ ‘ခွန်’

Dawei Watch

December 30, 2024

ရှမ်းပြည်နယ် နမ့်ဆန်ဇာတိဖြစ်တဲ့ ‘ခွန်’တစ်ယောက် ထိုင်းနိုင်ငံမှာ ဆိုင်ကယ်ပြင်ဆိုင်မှာ အလုပ်လုပ်နေပါတယ်။ ထိုင်းမှာ အလုပ်သမားဘဝနဲ့ ၁၀ နှစ်လောက် ရုန်းကန်လှုပ်ရှားပြီးနောက်ပိုင်း ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ အိပ်မက် မက်နေတာပါ။

မိသားစုဝမ်းရေးအတွက် ထိုင်းမှာအမှိုက်ကောက်ရင်း ငွေရှာနေရတဲ့ တနင်္သာရီသား

Dawei Watch

December 27, 2024

နယ်မြေမအေးချမ်းသေးတဲ့အတွက် မွေးရပ်ဇာတိကို ပြန်ခွင့်မရသေးတဲ့ ဦးဌေးလွင်တစ်ယောက် ထိုင်းနိုင်ငံမှာ ရှင်သန်ရပ်တည်ရေးအတွက် အမှိုက်ကောက်တာ အပါအဝင် အလုပ်နှစ်ခုလုပ်ရင်း ရုန်းကန်နေရပါတယ်။ တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ တနင်္သာရီမြို့နယ်သား ဦးဌေးလွင်က ထိုင်းနိုင်ငံ ပကျွတ်မြို့မှာ နေထိုင်ရင်း မိသားစုဝမ်းရေးအတွက် ဘယ်လိုရုန်းကန်နေရပါသလဲ။

ဘန်ကောက်မှာ ဟင်းအော်ဒါပို့ရင်း တက္ကသိုလ်ဆက်တက်ဖို့ ကြိုးစားနေသူ

Dawei Watch

December 26, 2024

တက္ကသိုလ်နောက်ဆုံးနှစ် မြန်မာကျောင်းသူတစ်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဟင်းအော်ဒါပို့ရင်း ကျောင်းဆက်တက်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အောက်မှာ တက္ကသိုလ် ဆက်မတက်ချင်တော့တဲ့အတွက် CDM လုပ်ခဲ့ပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့တာပါ။ ဒဂုံတက္ကသိုလ်မှာ နောက်ဆုံးနှစ် ဇီဝဓာတုဗေဒဘာသာရပ်နဲ့တက်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်ဖို့အတွက် အားမလျှော့ဘဲ ကြိုးစားရုန်းကန်နေပါတယ်။ ဘယ်လိုရုန်းကန်နေရပါသလဲ။

ထိုင်းတောင်ပိုင်းက ကရင်နှစ်သစ်ကူးပွဲ

Dawei Watch

December 23, 2024

Dawei Watch| ရုပ်သံ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကရင်နှစ်သစ်ကူးနေ့အကြိုပွဲတော်ကို ထိုင်းရောက်ကရင်တိုင်းရင်းသားတွေ ဦးဆောင်ပြီးကျင်းပခဲ့ပါတယ်။ စူရတ်ဌာနီမှာကျင်းပခဲ့တဲ့ ဒီပွဲတော်ကို ကရင်တိုင်းရင်းသားတွေအပြင် အခြားတိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ပါတယ်။

တရားမဝင် မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ထိုင်းအတိုက်အခံပါတီတိုက်တွန်း

Dawei Watch

September 20, 2024

တရားမဝင် မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ထိုင်းအတိုက်အခံပါတီတိုက်တွန်း

ထိုင်းရောက် မြန်မာကျောင်းသားလေးတွေ အားထားရတဲ့ ဘတ်တစ်ဆယ်တန် အိုးသူကြီး

Dawei Watch

August 30, 2024

ထိုင်းတောင်ပိုင်း၊ ကော့ဖငန်းကျွန်းပေါ်က မြန်မာကျောင်းသား ၄၀၀ နီးပါးကို ထမင်းတစ်နပ် ဘတ် ၁၀ နဲ့ရောင်းပေးနေတဲ့ အိုးသူကြီးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ထိုင်းရောက် မြန်မာတွေရဲ့ ပင့်သက်ရှိုက်သံ

Dawei Watch

August 29, 2024

ပြည်တွင်းပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားအဖြစ် တိမ်းရှောင်ဝင်ရောက်လာကြပါတယ်။ ထိုင်းနိုင်ံငံထဲရောက်လာချိန်မှာလည်း ဘဝရှင်သန်ရပ်တည်ရေးအတွက် ပန်းရံ၊ အိမ်အကူ၊ စက်ရုံလုပ်သားစတဲ့ အောက်ခြေသိမ်း အလုပ်တွေလုပ်ကိုင်နေကြရတာပါ။ ရွှေ့ပြောင်းလုပ်သားအရေအတွက်များပြားလာတဲ့နဲ့အမျှ ထိုင်းအလုပ်ရှင်အချို့ရဲ့ ခေါင်းပုံဖြတ်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ရင်ဆိုင်နေရပါတယ်။ အခြေခံလုပ်အားခတောင်မရကြသူတွေရှိသလို သတ်မှတ်အလုပ်ချိန်ထက် နာရီပေါင်းများစွာလုပ်ကိုင်နေရသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ခါးသီတဲ့ဘဝ၊ အခက်အခဲ၊ စိန်ခေါ်မှုနှင့် ရင်ဆိုင်ကျော်ဖြတ်နေတဲ့ အခြေအနေတွေကို ရိုက်ကူးတင်ဆက်လိုက်ပါတယ်