ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Infographic

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၁၀၈ ကြိမ်အထိရှိလာ

Dawei Watch

April 9, 2025

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး အင်အား ၇ ဒဿမ ၇ ရှိသည့် အင်အားပြင်းငလျင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲလှုပ်ခတ်သည့် ငလျင်အရေအတွက်မှာ ၁၀၈ ကြိမ်အထိရှိလာပြီဖြစ်သည်။ ယင်းပမာဏမှာ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ မတ်လ ၂၈ ရက်မှ ဧပြီလ ၉ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ထားသော အရေအတွက်ဖြစ်ပြီး နောက်ထပ်လည်း ထပ်တိုးလာနိုင်ချေရှိသေးသည်။ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ငလျင်အကြိမ်ရေ အများဆုံးလှုပ်ခတ်ခဲ့သည်မှာ မန္တလေးတိုင်းဖြစ်ပြီး ဒုတိယအများဆုံမှာ ပဲခူးတိုင်းဖြစ်သည်။ နေပြည်တော်မှာ တတိယအများဆုံးဖြစ်သည်။ နောက်ဆက်တွဲလှုပ်ခတ်သည့် ငလျင်အများစုမှာ အားအသင့်အတင့်မှာ အားအနယ်ငယ်ရှိ ငလျင်များသာဖြစ်ပြီး မြေအောက်အနက် ၁၀ မီတာဝန်းကျင်တွင် အများဆုံးလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ငလျင်ဒဏ်သင့် ဒေသများတွင် နိုင်ငံ ၁၃နိုင်ငံနှင့် AHA Center တို့ ဆေးကုသ

Dawei Watch

April 4, 2025

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်သည့်ဒေသများတွင် ပြည်ပနိုင်ငံ ၁၃နိုင်ငံ ဆေးအဖွဲ့များမှင့် အာဆီယံ AHA Center တို့က ဆေးဝါးကုသပေးနေကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နေပြည်တော်တွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို တရုတ်၊ ရုရှား၊ ဂျပန်၊ ထိုင်း၊ ဘူတန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဆေးအဖွဲ့ဝင်များ ဆေးကုသပေးနေကြောင်း ဖော်ပြသည်။ မန္တလေးတွင် အိန္ဒိယ၊ လာအို၊ နီပေါနှင့် စင်္ကာပူနိုင်ငံတို့က ဆေးကုသနေပြီး စစ်ကိုင်းတွင် ရုရှား၊ မလေးရှားနှင့် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ AHA Center တို့က ဆေးကုသပေးနေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့ငလျင်ဘေး ပြည်ပနိုင်ငံတွေ ဘယ်လိုကူညီနေကြသလဲ

Dawei Watch

April 3, 2025

ရစ်(ခ်)တာစကေး ၇ဒသမ၇အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ ထိခိုက်သေကြေပျက်စီးမှုတွေ အလွန်များပြားခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃ရက်မှာ စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းအရ သေဆုံးသူ သုံးထောင်ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံ တွေထဲမှာ ပိတ်မိနေသူများစွာရှိနေပါတယ်။ ပျက်စီးဆုံးရှုံးမှု အလွန်များတဲ့ မြန်မာ့ငလျင်ဘေးကို နိုင်ငံကာတကာ အကူအညီတွေ ဆက်တိုက် ပေးနေကြပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ၊ ရှာဖွေကယ်ဆယ်ရေး အကူအညီတွေ၊ ဆေးရုံဖွင့်လှစ်ကုသမှုတွေနဲ့ပတ်သက်လို့ Dawei Watch က လက်လှမ်းမီသလောက် စုစည်းထားတာတွေကို ဖော်ပြအပ်ပါတယ်။

ငလျင်ကြောင့် အပစ်ရပ်ကြတာ ဘာတွေကွဲပြားလဲ

Dawei Watch

April 3, 2025

အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ သေကြေပျက်စီးမှု အလွန်များပြားပြီး လူအများအပြား ဟာလည်း ပြိုကျနေတဲ့ အဆောက်အအုံတွေထဲ ပိတ်မိနေကြဆဲဖြစ်ပါတယ်။ ဧပြီလ ၃ရက် နံနက်အထိ စစ်ကောင်စီ ထုတ်ပြန်တဲ့ စာရင်းအရ သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရာရသူ ၄၆၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၄၀၀ ကျော် ရှိနေပါတယ်။ ဒီလို ငလျင်ဒဏ်ခံနေရချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် နိုင်ငံတကာ ဝေဖန် ပြစ်တင်မှုတွေ ရှိခဲ့ပြီး အခုလို သေရေးရှင်ရေးကာလမှာ အပစ်ရပ်ကြဖို့လည်း တိုက်တွန်းကြပါတယ်။ အခုရက်ပိုင်း အတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကောင်စီအပါအဝင် လက်နက်တပ်ဖွဲ့တွေက အပစ်ရပ်ကြောင်း ကြေညာကြပါတယ်။ အပစ်ရပ်ကာလ၊ အပစ်ရပ်တာမှာ ပါဝင်တဲ့ ထူးခြားတဲ့အချက်တွေကို ကောက်နုတ်တင်ဆက်ထားပါတယ်။

မြန်မာ့ငလျင်ဘေး အရေးကြီးအချက်အလက်များ

Dawei Watch

April 1, 2025

ရစ်(ခ်) တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီး သေကြေမှု အလွန်များပြားခဲ့သည်။ သေဆုံးဒဏ်ရာရမှု စာရင်းအချိန်နှင့်အမျှ မြင့်တက်နေပြီး ပြိုကျနေသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများစွာရှိနေကာ အခက်အခဲများစွာဖြင့် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ၊ ငလျင်လှုပ်ခတ်မှု၊ ပြည်ပနိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိမှု အခြေအနေ ကိန်းဂဏန်းများကို စုစည်းဖော်ပြအပ်ပါသည်။

ပြည်ပကယ်ဆယ်ရေးအဖွဲ့တွေ ဘယ်ဒေသတွေမှာ ကူညီနေကြသလဲ

Dawei Watch

March 31, 2025

မြန်မာ့ငလျင်ဘေးကို ရှာဖွေကယ်ဆယ်ဖို့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနေကြပါပြီ။ ဒီအဖွဲ့တွေ ဘယ်နေရာမှာ ရှာဖွေကယ်ဆယ်နေကြသလဲဆိုတာ ရနိုင်သမျှ အချက်အလက်တွေ စုစည်းဖော်ပြလိုက်ပါတယ်။ ယခုရရှိတဲ့ စာရင်းကတော့ ကနဦးစာရင်းဖြစ်တာကြောင့် လိုအပ်ချက်အချို့ရှိနိုင်ပါတယ်။

ပြည်သူတွေ တောင့်တနေတဲ့ ဖက်ဒရယ်ဆိုတာ

Dawei Watch

March 26, 2025

မြန်မာနိုင်ငံမှာလည်း ခေတ်အဆက်ဆက် ဖက်ဒရယ် စနစ်ကို တောင်းဆိုလာခဲ့ကြတာပါ။ အခုအခါမှာတော့ ဖက်ဒရယ်တည်ဆောက်ရေး အိမ်မက်ကို ပီပီပြင်ပြင် မက်ခွင့်ရလာကြပါပြီ။ ဒါကြောင့် ဖက်ဒရယ်အကြောင်း ပြည်သူတွေ ပိုမိုသိရှိစေဖို့ မိတ်ဆက်လိုက်ပါတယ်။

ဖက်ဒရယ်စနစ်ကြောင့် ရလာမယ့် အကျိုးကျေးဇူး

Dawei Watch

March 26, 2025

လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ၊ ဘာသာစကားစုံ၊ ဓလေ့စုံတဲ့ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးက ဖက်ဒရယ်စနစ်လို့ အများစုက လက်ခံထားကြပါတယ်။ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်တာဟာ မြန်မာနိုင်ငံအနှံ့မှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစုအသီးသီးအတွက် အဓိကအခွင့်အလမ်းများစွာကို သယ်ဆောင်လာနိုင်ဖွယ် ရှိတယ်လို့လည်း ထောက်ပြကြပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါသလဲ..