ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Infographic

ကူညီသူနည်းလာလို့ ခက်ခဲနေတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

February 3, 2026

တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးရှောင်အရေအတွက်ကလည်း ပိုများလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလစာရင်းအရ တိုင်းထဲမှာ စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အလှူရှင်တွေကလည်း နည်းလာနေလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေအနေနဲ့ လုံလုံလောက်လောက် မထောက်ပံ့နိုင်ဖြစ်နေတယ်လို့ဆိုပါတယ်။

ဒေသအကျိုးအတွက် သတ္တုမိုင်းရဲ့ ဆိုးကျိုးတွေ လျှော့ချဖို့လိုပြီ

Dawei Watch

February 2, 2026

အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာတဲ့ ပဋိပက္ခတွေနဲ့အတူ တနင်္သာရီတိုင်းထဲ သတ္တုလုပ်ကွက်တွေလည်း မိုးဦးကျမှိုပေါက်သလို ပွစာကြဲပေါ်ပေါက်လာပါတယ်။ သတ္တုမိုင်းတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် စီမံနိုင်မယ်ဆိုရင် အုပ်ချုပ်တဲ့ လက်နက်ကိုင်အဖွဲ့ရော ဒေသခံတွေပါအကျိုးရှိမှာဖြစ်ပါတယ်။

ဒေသခံတွေကို ခြိမ်းခြောက်လာတဲ့ တနင်္သာရီက သတ္တုမိုင်းတွေ

Dawei Watch

February 2, 2026

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ ခေတ်စားလာနေတဲ့ သတ္တုမိုင်းတွေနဲ့ ရွှေလုပ်ကွက်တွေက ဒေသခံတွေရဲ့ လူမှုဘဝတွေကို ခြိမ်းခြောက်လာနေပါပြီ။ ၂၀၂၄ ခုနှစ် ဧပြီလက ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ တနင်္သာရီတိုင်းမှာ သတ္တုတူးနေတဲ့နေရာ ၆၆ ခုထက်မနည်းရှိနေပြီး စုစုပေါင်း အကျယ်အဝန်း ဧကနှစ်သောင်းခွဲကျော် အထိ ရှိနေပါတယ်။ ဒီပမာဏက ထားဝယ်မြို့ဧရိယာထက် ၄ ဆလောက်ရှိနေပါတယ်။

ငွေလိမ်မခံရအောင် ဘာတွေသတိထားကြမလဲ

Dawei Watch

September 12, 2025

အာဏာသိမ်းမှုကြောင့် တရားဥပဒေ အစိုးမရချိန် ငွေလိမ်သူတွေ ခေါင်းထောင်လာကြပါတယ်။ လောဘနဲ့မျှားပြီး စိတ်လောအောင် လုပ်ပြီး လိမ်တာအပါအဝင် လိမ်လည်မှုတွေကလည်း ပိုမိုပီပြင်လာပါတယ်။ ဒါ့ကြောင့် ကိုယ့်ချွေးနှဲစာတွေ ပဲ့ပါမသွားအောင် သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာတွေ သိထားရမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း

Dawei Watch

August 11, 2025

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ မဖြစ်မနေ သိရှိဖို့လိုတာတစ်ခုက ထိုင်းရဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ လမ်းပေါ်က ဓလေ့တွေအကြောင်းပါ။ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာတွေ ပွတ်တိုက်မှုနည်းနည်းနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ဓလေ့တွေကို သိရှိလိုက်နာဖို့ သိထားသင့်တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

သွေးလှူရှင်နည်းလာတဲ့ တနင်္သာရီ

Dawei Watch

August 11, 2025

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာချိန်မှာတော့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒါကတော့ သွေးလှူရှင်ရှားပါးလာတာပါ။ သွေးလှူရှင်တွေရှားပါးလာရတဲ့ကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မိုးထဲရေထဲ ကူရာမဲ့နေတဲ့ စစ်ရှောင်တွေ

Dawei Watch

May 14, 2025

တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံစစ်ဘေးရှောင် ခုနစ်သောင်းနီးပါးအထိ ရှိနေပါပြီ။ တိုင်းအတွင်း စစ်ဘေးရှောင်အနည်းငယ်သာ စစ်ရှောင်စခန်းတွေထဲမှာ နေထိုင်နေကြပြီး စစ်ဘေးရှောင် အများစုကတော့ နီးစပ်ရာ ခြံ၊ ဥယျာဉ်၊ တောတောင်တွေထဲမှာ ရှောင်တိမ်းနေကြရတာပါ။ ဒါကြောင့် တနင်္သာရီတိုင်းက စစ်ဘေးရှောင်အများစုက အကူအညီတွေများစွာ လိုအပ်နေကြတာပါ။ ဒီနှစ်မှာ မုတ်သုန်အဝင်စောဖို့ရှိသလို မိုးရွာသွန်းမှု များနိုင်တဲ့ အခြေအနေကြောင့် စစ်ဘေးရှောင်တွေ ပိုမိုခက်ခဲကျပ်တည်းဖို့ရှိနေပါတယ်။

အဖမ်းအဆီးကြမ်းနေတဲ့ထိုင်းမှာ မြန်မာလုပ်သားတွေ အန္တရာယ်ကင်းဖို့

Dawei Watch

May 3, 2025

ထိုင်းအစိုးရက ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်သူတွေ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်း မလိုက်နာသူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ အန္တရာယ်ကင်းစေဖို့ သတိထားသင့်တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။