BREAKING
October 19, 2025

အားကစား/ကမ္ဘာ့ဖလား

ရန်ခုန်ခံစား Dawei Watch တစ်ပတ်တာအကောင်းဆုံး ဘောလုံးပွဲစဉ်များ

diz_admin

April 22, 2023

ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေက ပွဲကြီးပွဲကောင်းတွေအဖြစ် ရောက်ရှိလာခဲ့ပါပြီ။ ယူရိုပါလိဂ်မှာ ခြေချော်ခဲ့တဲ့ မန်ယူအတွက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကလည်း စိန်ခေါ်ကြီးမားလာဖို့ ရှိနေပါတယ်။ အဓိက,ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝတာက မန်ယူအတွက် အကြီးမားဆုံး ထိုးနှက်ချက်ပါပဲ။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ ထူးခြားချက်တွေလည်း ရှိလို့နေပါတယ်။ အဲ့ဒါကတော့ အက်ဖ်အေဖလား ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်ယူကို ဘရိုက်တန်က တစ်ခါမှ မနိုင်ဖူးတာနဲ့ ရှက်ဖီးယူနိုက်တက်ကို မန်စီးတီးက တစ်ခါမှ မနိုင်ဖူးတာတွေပါပဲ။ အခု ကစားမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဘယ်လို ရလဒ်မျိုးတွေ ထွက်ပေါ်လာလေမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းလွန်းနေပါတယ်။

အာဆင်နယ် ချန်ပီယံဖြစ်ဖို့ လိုတယ်၊ ဘယ်လိုဖြစ်ဖြစ် သေချာတာကတော့ အသင်း ပျက်မယ်

diz_admin

April 22, 2023

တကယ်တော့ အာဆင်နယ်ဟာ ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ မဖြစ်ခဲ့ရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိဖို့အတွက် အာဆင်နယ်ဟာ နှစ်ပေါင်းများစွာ ပြန်လည် စောင့်မျှော်ရတော့မှာပါပဲ။ အခန့်မသင့်ရင် ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုတာမျိုးတွေတောင် ဖြစ်သွားပါနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ဒီနှစ်မှာ ချန်ပီယံဖြစ်ခဲ့ရင် ဖြစ်ဖြစ်၊ ချန်ပီယံဆုနဲ့ လွဲခဲ့ရင်ဖြစ်ဖြစ် အာဆင်နယ်က အသင်းပျက်ဖို့ နီးစပ်နေပါတယ်။ အာဆင်နယ်ကို အဲ့ဒီလိုဖြစ်အောင် အမဲဖျက်ဖို့ အသင့်ရှိနေသူက အသင်းပိုင်ရှင် ခရွန်ကီ ပါပဲ။ ဒီနှစ်ထဲမှာ အမေရိကန်ဘဏ်တွေ ပြိုလဲပြီး အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အကျပ်ရိုက်လာတာကို သတိပြုရမှာပါ။ ခရွန်ကီဟာ အရာရာကို ငွေနဲ့ချိန်စက် တွက်ဆတတ်သူဖြစ်ပါတယ်။ သူ အမြတ်ထွက်ဖို့အတွက်ဆိုရင် အာဆင်နယ်ကို ချနင်းပစ်ဖို့ ခရွန်ကီ ဝန်မလေးလောက်ပါဘူး။ အသင်းရဲ့ကစားသမားကောင်းတွေကို ရောင်းစားပစ်ပြီး ခရွန်ကီက သူ့ကိုယ်ကျိုးစီးပွားကို […]

စစ်ဒဏ်သင့် ကလေးငယ်လေးရဲ့ပြောစကားမှာ မျက်ရည်တွေကျခဲ့ရတဲ့ MMA လူကြမ်းကြီး ခမ်းဇတ်

diz_admin

April 16, 2023

ခမ်းဇတ်ဆိုတာ ကြမ်းမှကြမ်း၊ ရမ်းမှရမ်းဆိုတဲ့ ဖိုက်တာကြီးပါ။ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးလောကထဲမှာ အထိုးအကြိတ်၊ အသတ်အပုတ် အရမ်းကောင်းတဲ့ ဆွီဒင်သားကြီး ဖြစ်ပါတယ်။ အခု ခမ်းဇတ် မျက်ရည်တွေ ကျဆင်းနေပါတယ်။ ကလေးငယ်ကောင်မလေးတစ်ယောက်ရဲ့ပြောစကားတွေကြောင့် ခမ်းဇတ် မျက်ရည်တွေ ကျဆင်းလို့နေပါတယ်။ ကလေးမလေးက ချေချင်းညှာစစ်ပွဲမှာ မိဘတွေ ကွယ်လွန်သွားခဲ့လို့ မောင်နှမနှစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေရသူပါ။ သူတို့ မောင်နှမနှစ်ယောက်ဟာ အနိုင်ကျင့်တာတွေကိုလည်း မကြာခဏ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမလေးက ခမ်းဇတ်နဲ့ဆုံခွင့်ရချိန်မှာ စကားတစ်ခွန်းပဲ ပြောခဲ့ပါတယ်။ “သမီးတို့ အနိုင်ကျင့်မခံရအောင် သမီးရဲ့အစ်ကို ကို သိုင်းသင်ပေးပါလားဟင်” ဆိုတာက ခမ်းဇတ်ကို ကလေးမလေး ပြောခဲ့တဲ့စကားပါပဲ။ ဒီစကားကို ကြားရချိန် ခမ်းဇတ်ဘာကြောင့် မျက်ရည်ကျရတာပါလဲ။

Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ

diz_admin

April 15, 2023

Dawei Watch ပရိသတ်တွေကို အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ဝင်ရောက်လာပြီဖြစ်လို့ အသင်းကြီးတွေ ပွဲပန်းနေတာကို သတိပြုရပါလိမ့်မယ်။ အခုပွဲစဉ်တွေပြီးရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လာမှာဖြစ်လို့ အသင်းကြီးတွေက အလှည့်ကျ လူထုတ်တာမျိုးတွေကို ဆောင်ရွက်ရတော့မှာပါ။ ဒီတစ်ပတ်ရဲ့အားပြိုင်မှုပြင်းထန်မယ့် ပွဲစဉ်တွေထဲက ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက် သုံးသပ်ပေးလိုက်ပါတယ်။

ပုဝါမကူ ရေမရှူကြေး ဒိုင်အဆုံးအဖြတ်မပါ၊ အလဲထိုးစနစ်နဲ့ စိန်ခေါ်ပွဲထိုးတော့မယ့် မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ

diz_admin

April 12, 2023

မြန်မာ့လက်ဝှေ့ချန်ပီယံလည်းဖြစ်၊ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလည်းဖြစ်တဲ့ ဒေ့ဗ်လက်ဒပ် ခေါ် ဒေဝ ဟာ လာမယ့်မေလ ၂၇ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲထိုးသတ်တော့မယ်လို့ သိရပါတယ်။ အခုစိန်ခေါ်ပွဲမှာ ဒေဝ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ကမ္ဘောဒီးယား လက်ဝှေ့ဘုရင် ပရွမ်း ဆမ်းနန် ပါပဲ။ ပရွမ်း ဆမ်းနန် ဟာ ဒေဝအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာစရာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆမ်းနန်က အတွေ့အကြုံရင့် လက်ဝှေ့သမား ဖြစ်နေလို့ပါပဲ။ ကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ဆမ်းနန် ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲစဉ်အရေအတွက်က ၁၅၀ အထိ ရှိခဲ့ပြီးပါပြီ။ အဲ့ဒီပွဲစဉ်ပေါင်း ၁၅၀ မှာ ဆမ်းနန်အတွက် အရှုံးရလဒ် ကြုံခဲ့ရတာက ၁၀ ပွဲတည်းသာ ရှိခဲ့ပါတယ်။ နောက်ဆုံး ၇ ပွဲကို ဆိုရင် ဆမ်းနန်က အလဲထိုးရလဒ်တွေနဲ့ချည်း ဆက်တိုက် အနိုင်ယူထားတာပါ။ […]

Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

diz_admin

April 8, 2023

Dawei Watch ကနေ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ရင်ခုန်ခံစား အကောင်းဆုံး ဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲကြီးတွေမှာ အားပြိုင်မှုပြင်းထန်မယ့်ပွဲစဉ်တွေ ပါဝင်လို့နေပါတယ်။ အဲ့ဒီပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်စရာ ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် မန်ယူ – အဲဗာတန်၊ လီဗာပူး – အာဆင်နယ် စတဲ့ ပွဲကြီးပွဲကောင်းတွေ ရှိနေတာမို့ ပရိသတ်တွေအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာ သီတင်းပတ်တစ်ခု ဖြစ်လာဦးမှာပါ။

အောင်လအန်ဆန်းရဲ့တပည့် တီရယ်လ်ထန် LFA ပွဲ ထိုးသတ်တော့မယ်

diz_admin

April 6, 2023

ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားလည်းဖြစ်၊ အောင်လအန်ဆန်းရဲ့တပည့်လည်းဖြစ်တဲ့တီရယ်လ်ထန် ဟာ ရှေ့လာမယ့် ၉ ရက်အတွင်း LFA ပွဲ ထိုးသတ်ပါတော့မယ်။ လာမယ့် ဧပြီလ ၁၄ ရက်နေ့ကိုရောက်ရင် တီရယ်လ်ထန် က LFA ဘင်တမ်ဝိတ်တန်းပွဲစဉ်အဖြစ် ဟာနန်ဒက်ဇ်နဲ့ ထိုးသတ်တော့မှာပါ။ တီရယ်လ်ထန် ဟာ One Championship ကို ကျောခိုင်းစွန့်ခွာပြီး LFA ဘက်ကို ကူးပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ LFA ဘက်မှာ ထူးချွန်တဲ့ ကစားသမားဖြစ်လာပြီဆိုရင် အဲ့ဒီကစားသမားက UFC ဘက်ကို ဆက်လက် တက်ရောက်ခွင့်ရှိလို့နေပါတယ်။ တီရယ်လ်ထန် ဟာ LFA ပွဲစဉ် ၁၅၆ အဖြစ် စိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံး လိဂ်ပွဲစဉ်များ

diz_admin

April 1, 2023

Dawei Watch က တင်ဆက်ပေးနေတဲ့ ရင်ခုန်ခံစား တစ်ပတ်တာအားကစားရဲ့ပွဲကြိုကဏ္ဍအစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက နိုင်ငံတကာပွဲစဉ်တွေ ရှိနေတဲ့အတွက် လိဂ်ပွဲစဉ်တွေ ရပ်နားထားခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ ပရိသတ်မျှော်လင့်နေတဲ့ လိဂ်ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။ ဒါပေမဲ့ အသင်းတိုင်းဆီက အဓိကပွဲထွက်ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားခဲ့ရတဲ့အတွက် ပွဲပန်းနေတာကို သတိပြုရပါလိမ့်မယ်။ အခုတစ်ပတ်မှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရသွားလေမလဲ၊ ဘယ်လိုပွဲစဉ်ကောင်းတွေ ရှိနေသလဲဆိုတာကို Dawei Watch က ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။