ထိုင်းရောက် မြန်မာနိုင်ငံသားတွေ မဖြစ်မနေ သိရှိဖို့လိုတာတစ်ခုက ထိုင်းရဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ လမ်းပေါ်က ဓလေ့တွေအကြောင်းပါ။ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာတွေ ပွတ်တိုက်မှုနည်းနည်းနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေ၊စည်းမျဉ်းစည်းကမ်းနဲ့ ဓလေ့တွေကို သိရှိလိုက်နာဖို့က အရေးကြီးပါတယ်။
စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာချိန်မှာတော့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒါကတော့ သွေးလှူရှင်ရှားပါးလာတာပါ။
စစ်ဘေးရှောင်များလာလို့ ထားဝယ်မြို့ထဲ အိမ်ငှားရခက်ခဲ
တိုက်ပွဲတွေဖြစ်ပွားဖူးတဲ့ ဒေသတွေမှာနေထိုင်သူတွေ၊ ဖြတ်သန်းသွားလာသူတွေဟာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်း အန္တရာယ်တွေရှိနေပါတယ်။ သွားရင်းလာရင်း ပတ်ဝန်းကျင်မှာ တွေ့နေ၊ မြင်နေကျမဟုတ်တဲ့ အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင် ထိတာ၊ ကိုင်တာ မလုပ်ပါနဲ့။ ထိကိုင်တာ၊ နေရာပြောင်းတာ၊ ခြေထောက်နဲ့ကန်တာ၊ ခဲနဲ့ပေါက်တာ၊ ဓာတ်ပုံရိုက်တာတွေလည်း လုံးဝ မလုပ်ရပါဘူး။ ဒါ့အပြင် အဲဒီအရာဝတ္ထုပစ္စည်းနဲ့ တည်နေရာတဝိုက်ကို မီးရှို့တာ၊ ရေလောင်းတာ၊ ဆားနဲ့သိပ်တာ၊ အနီးကပ် ဝိုင်းအုံ ကြည့်ရှု တာတွေကလည်း အန္တရာယ်ရှိတဲ့ အပြုမူတွေဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စွန့်ခွာခဲ့ရတဲ့ ကျေးရွာတွေ၊ နေအိမ်၊ အဆောက်အဦးတွေကို သွားလာတာမျိုးမလုပ်ဖို့၊ အသုံးမပြုဖို့ လည်း အရေးကြီးပါတယ်။ အဲဒီနေရာတွေမှာ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်တွေရှိသလို မြေမြှုပ်မိုင်းအမျိုးမျိုး ရဲ့ အန္တရာယ်လည်းရှိလို့ ရှောင်ကြဉ်ရပါမယ်။ စိုက်ပျိုးမြေနေရာတွေ အသစ်ရှာဖွေ/ပြောင်းရွှေ့စိုက်ပျိုးကြတယ်ဆိုရင်လည်း ဒေသခံရွာသူရွာသားတွေနဲ့ အာဏာပိုင်တွေက အန္တရာယ်ကင်းရှင်းတယ်လို့ အသေအချာမပြောမချင်း […]
ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။
ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်နေပြည်သူတွေက မြို့ပေါ်တက်အရေးပေါ်ဆေးကုဖို့အတွက် လူနာတင်ယာဉ်တွေကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူနာတင်ယာဉ်ပရဟိတအဖွဲ့တွေ ရပ်နားလာလို့ ကျေးလက်နေသူတွေ အခက်ကြုံနေရပါပြီ။