ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

March 12, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

စိတ်ကျနေပြီလား

diz_admin

March 11, 2022

စိတ်ကျခြင်း ဆိုတာ စိတ်ကျတယ်ဆိုတာ လူတိုင်း ဖြစ်နိုင်ပြီး အားနည်းချက် မဟုတ်ပါဘူး စိတ်ကျပြီ ဆိုရင် တောက်လျှောက်ကြီး ဝမ်းနည်းနေတတ်တာ၊ လုပ်နေကြအလုပ်တွေ စိတ်မပါတော့တာ၊ ပုံမှာ နိစ္စဓူ၀ အလုပ်တွေ မလုပ်နိုင်တော့တာ တွေ ဖြစ်တတ်ပါတယ်။ ကြုံနိုင်တဲ့ လက္ခဏာတွေ အားအင်ကုန်ခမ်းနေတာ၊အစာစားချင်စိတ် မရှိတာ၊စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတာ၊အိပ်ချိန် နည်းလာတာ၊ ဒါမှမဟုတ် များလာတာ၊အာရုံ စူစိုက်မှု ကျဆင်းလာတာ၊စိတ်ပိုင်းဖြတ်ခြင်း မပြုနိုင်တာ၊ဂနာမငြိမ်ဖြစ်နေတာ၊ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားနေရတာ၊အပြစ်ရှိတယ်လို့ ခံစားနေရတာ၊မျှော်လင့်ချက်မဲ့နေတာ၊ကိုယ့်ကိုယ်ကို အပြစ်ပေးဖို့၊ သတ်သေဖို့ စဉ်းစားလာတာ အဖြေရှိပါတယ် ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ စိတ်ကျခြင်းဆိုတာ ပြန်လည်ကုစားလို့ရပါတယ်။ ဘာလုပ်သင့်လဲ ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောဆိုခြင်းနဲ့ သက်သာရာရနိုင်ပါတယ်၊ ဆရာဝန်၊ စိတ်အကြောင်း နားလည်တဲ့သူနဲ့ ဆွေးနွေး တိုင်ပင်ကြည့်ပါ၊ ကိုယ်လုပ်ချင်တဲ့ လုပ်စရာလေးတွေ ရှိနေပါစေ၊ မိတ်ဆွေတွေ၊ […]

သတင်းတု၊ သတင်းမှား

diz_admin

February 15, 2022

လူထုကိုလှည့်ဖျားဖို့ သတင်းတု၊ သတင်းမှားဆိုတာ သမိုင်းနဲ့ချီပြီးရှိခဲ့ပါတယ်။အဲဒီအကြောင်းကို Dawei Watch က စုစည်း တင်ပြထားပါတယ်။ Dawei Watch ရဲ့ Telegram တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။ https://t.me/daweiwatch Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/zc8nyg8yBiU

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

January 15, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

ပဋိပက္ခအတွင်း ကြိုတင်ပြင်ဆင်ခြင်း

diz_admin

January 9, 2022

မြန်မာနိုင်ငံ တစ်ဝန်း အမျိုးမျိုးသော ပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။ အဲဒီအတွက် အကြံပြုချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။  အဆိုးဆုံးသော အခြေအနေတွေကို မိသားစုနဲ့ ကြိုတင်ဆွေးနွေး တိုင်ပင်ထားပါ။ ဘယ်အချိန်မဆို အသင့်ထွက်ခွာနိုင်ရမယ်။ အတိုဆုံးနဲ့ အလုံခြုံဆုံးသော ရှောင်တိမ်းရန် လမ်းကြောင်း၊ နေရာကို ကြိုတင် စဉ်းစားထားပါ။  အရေးပေါ် သယ်ယူဖို့ ပစ္စည်းပစ္စယများ ကြိုတင်ပြင်ဆင်ထားပါ။  ထုပ်ပိုးထားရန် အရေးပေါ် ပစ္စည်းများ   ၁) သောက်သုံးရေ (တစ်ဦးလျှင် သုံးလီတာထက် မနည်း) ၂) သောက်နေကျဆေးဝါးနှင့် အရေးပေါ် ဆေး ပစ္စည်းများ  ၃) အဝတ်အစား နှစ်စုံခန့်နှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေး ပစ္စည်းများ ၄) ငွေသား၊ အရေးကြီး စာရွက်စာတမ်းများ (ဥပမာ မှတ်ပုံတင်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း)  […]

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

January 8, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ

diz_admin

January 6, 2022

စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။   ‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’ ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ မနက်ဖြန် (ဇန်နဝါရီလ ၇) ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

ဆူနာမီ အိုမီခရွန်

diz_admin

January 4, 2022

အသစ်တွေ့ထားတဲ့ ကိုဗစ်မျိုးကွဲ အသစ် အိုမီခရွန် ဟာ အားပျော့တယ်ဆိုပေမဲ့ ကူးစက်နှုန်း အရမ်းမြန်လို့ ဆူနာမီအလား တင်စားပြောဆိုနေကြပါတယ်။