ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ရေသည် အသက် 

diz_admin

March 31, 2022

၄၀ ရာခိုင်နှုန်း  ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်း ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိပါဘူး၊ ၈၀ ရာခိုင်နှုန်း  ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကျန်းမာရေး ပြဿနာ ၈၀ ရာခိုင်နှုန်းဟာ ရေမသန့်ရှင်းမှုကြောင့် ဖြစ်ရတာပါ။ 

ကုဗစ်ကပ်ဘေး အမျိုးသမီးတွေ အပေါ်သက်ရောက်မှု 

diz_admin

March 29, 2022

ကိုဗစ်ကပ်ဘေး (Covid) နဲ့ အာဏာသိမ်း ဂယက် (Coup) နှစ်ခုပေါင်း ဘေးဒဏ် ကုဗစ် ကပ်ဘေး (Coup-vid)  ကို မြန်မာပြည်မှာ ခံစားနေရပါတယ်။ အဲဒီရဲ့ ဒဏ်ကို အမျိုးသမီးတွေ ဘယ်လို ခံစားနေရပါသလဲ။  ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် UN Women တို့က ပူးပေါင်း ကောက်ယူထားမှု ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံ တစ်ဝန်း အမျိုးသမီး စုစုပေါင်း ၂၂၀၀ ကို စစ်တမ်း ကောက်ယူထားပါတယ်။  အဲဒီ အစီရင်ခံစာကို ၂၀၂၂ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားပါတယ်။ အဲဒီ အစီရင်ခံစာက အချက်တွေကို ထုတ်နုတ်ဖော်ပြထားပါတယ်။

သဘာ၀ပတ်ဝန်းကျင် အဖြစ်အပျက်များ မှတ်တမ်းတင်နိုင်မယ့် ပရောဂျက် ရုက္ခစိုး

diz_admin

March 28, 2022

ကိုယ့်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါလား၊ သဘာ၀ ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။ ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။ တိုင်စရာ ရုက္ခစိုး ရှိနေပါပြီ။ ဘယ်လို တိုင်ရမလဲဆိုတာ ပရောဂျက် ရုက္ခစိုးက တာဝန်ရှိသူနဲ့ တွေဆုံမေးမြန်း ထားပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

March 26, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ Dawei Watch ရဲ့ Telegram တွင်လည်း ဝင်ရောက်ဖတ်နိုင်ပါတယ်။ Dawei Watch ရဲ့ Youtube တွင်လည်း ဝင်ကြည့်နိုင်ပါတယ်။

ကိုဗစ် ကပ်ဘေးအကြား အာဆီယံ ခရီးသွား

diz_admin

March 25, 2022

ကိုဗစ်ကပ်ဘေး ကြောင့် လူအသေအပျောက် နည်းလာတာနဲ့ အမျှ နိုင်ငံအသီးသီးက နိုင်ငံခြား ခရီးသည်တွေ အလည်အပတ် ဝင်ရောက်ခွင့်ပြုရာမှာ အကန့်အသတ်တွေ လျှော့ချနေပါပြီ။ ခရီးသွားလုပ်ငန်း ပြန်အားကောင်းလာပြီး တိုင်းပြည်စီးပွားရေး မြှင့်တင်ဖို့ ကြိုးပမ်းနေကြတာပါ။ အာဆီယံ ဆယ်နိုင်ငံမှာ ကိုဗစ် ကန့်သတ်ချက်တွေ ဘယ်လို လျှော့ချ လုပ်ဆောင်နေလဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။ အဲဒီနိုင်ငံတွေ အတွင်း ဝင်ရောက်ဖို့ ဆိုရင် ကာကွယ်ဆေး အပြည့်ထိုးနှံထားရမှာ ဖြစ်ပါတယ်။

ခက်ခဲတဲ့ အချိန်မှာ စီးပွားရေးလုပ်ကြမယ်ဆိုရင် 

diz_admin

March 24, 2022

မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံး ခံစားနေရတဲ့ ကိုဗစ်ကပ်ဘေး သာမက စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပဋိပက္ခတွေရဲ့ ဒဏ်ကိုလည်း ခံစားနေရပါတယ်။ အဲဒီလို အချိန်မှာ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်သူတွေ ဘယ်လို ရှေ့ဆက်ကြမလဲ။ အချက် ရှစ်ချက်ကို တင်ပြထားပါတယ်။ အကြံပြုချက်တွေမှာ ကိုယ်နဲ့ မကိုက်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ စဉ်းစားတွေးတော စရာ အခြေခံလေး တွေ ရမယ် ထင်ပါတယ်။ 

ကိုယ့်ဖုန်းလုံခြုံရေး

diz_admin

March 22, 2022

အခုလို နည်းပညာ ခေတ်ကြီးမှာ လူမှုဘ၀ လုံခြုံရေးလို့ ပြောလိုက်ရင် ဒစ်ဂျစ်တယ်လုံခြုံရေးပါ တွဲပါလာပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀နဲ့ တစ်ထပ်တည်း ဖြစ်လာတဲ့ လက်ကိုင်ဖုန်း လုံခြုံရေးဟာ အရမ်းကို အရေးကြီးပါတယ်။ ဒီခေတ်မှာ ဖိနှိပ်လိုတဲ့ အာဏာပိုင်တွေ၊ ကိုယ့်အချက်အလက်တွေ ရယူပြီး စီးပွားရေး အကျိုးအမြတ်အတွက် အသုံးချလိုတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေဟာ လူတစ်ဦးချင်းရဲ့ လက်ကိုင်ဖုန်းထဲက အချက်အလက်တွေကို ခြေရာခံတတ်ပါတယ်။ နောက်ပြီး ကိုယ့်ဖုန်းကို ရသွားသူ တစ်ယောက်ယောက်က လိမ်လည် ငွေတောင်းတာမျိုးတွေလည်း လုပ်တတ်ပါတယ်။  အဲဒါမျိုးတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။ လူအသုံးများတဲ့ Android Version  ကို အခြေခံ တင်ပြထားပါတယ်။ 

တစ်ပတ်အတွင်း တနင်္သာရီသတင်း

diz_admin

March 19, 2022

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။