ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ကျဆုံးသူများအတွက် ဆုတောင်း

diz_admin

May 29, 2021

ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရသူများအား ရည်မှန်း၍ ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်တွင် မေလ ၂၈ ရက်ညက ‌ဖ‌ယောင်းတိုင်မီးထွန်း ဆုတောင်းခဲ့ကြပါတယ်။ ဒါ့အပြင် ဝဲကျွန်း ရပ်ကွက်နေ ပြည်သူတွေကလည်း ကျဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ဝတ်ရွတ်ဆုတောင်းခဲ့ကြပါတယ်။

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း

diz_admin

May 28, 2021

တပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် လူငယ်ရေးရာ သပိတ်စစ်ကြောင်းသည် မေလ ၂၈ ရက် အာရုံဦးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ကျဆုံးခဲ့ကြသောသူရဲကောင်းများအား အောက်မေ့သတိရသောအားဖြင့် လွမ်းသူ့ပန်းခွေ၊ ပန်းစည်းများနှင့် သွားရောက်အလေးပြုကာ စစ်ကြောင်းကို ချီတက်ခဲ့ကြပါတယ်။

လောင်းလုံးတောင်ပိုင်း ညနေသပိတ်

diz_admin

May 28, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုတယ်ထဲက ဂေါ့အင်း၊ အောက်ကျောက်ဝပ် စသည့်ကျေးရွာများသည် မေလ ၂၈ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။

ကျေးလက်ညနေဈေး သပိတ်

diz_admin

May 27, 2021

ထားဝယ်ခရိုင်အတွင်းရှိ လူငယ်များပူးပေါင်း၍ မေလ ၂၇ ရက်ညနေပိုင်းက လောင်းလုံးမြို့နယ်အတွင်းရှိ ကုန်းဇရပ်ဈေး၊သဗျာဈေး တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စည်းရုံးဟောပြောဆန္ဒပြခဲ့ကြသည်။

ကံပေါက်ဒေသရဲ့ ၁၀၉ ရက်မြောက်သပိတ်

diz_admin

May 27, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသခံမှာ ၁၀၉ ရက်မြောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မေလ ၂၇ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။