ချန်ပီယံလောင်းစာရင်းထဲမှာ စပိန်ကို မေ့မထားသင့်ဘူး
diz_admin
November 16, 2022ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၅) —————— ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကို စာရင်းပြုကြည့်ကြည့်မယ်ဆိုရင် စပိန်ကိုလည်း နေရာတစ်ခု ပေးရမှာပါ။ အခုနောက်ပိုင်း နှစ်ကာလတွေထဲမှာ စပိန်က အသင်းကို အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ ဆောင်ရွက်လာပါတယ်။ စပိန်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ မရရှိတော့ပါဘူး။ စပိန်နည်းပြ အင်းနရစ်ဟာ လူငယ်သွေးသစ်ကစားသမားတွေနဲ့ ဝါရင့်လူဟောင်းတွေကို အချိုးညီညီ နေရာပေးပြီး လက်ရှိအသင်းကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အုပ်စုမဲခွဲထားမှုအရ စပိန် သတိထားရမှာက ဂျာမနီ ပါပဲ။ ခြေစစ်ပွဲအဆင့်မှာတင် ခြေစွမ်းပြခဲ့တဲ့အသင်းလည်းဖြစ်၊ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်ခဲ့ဖူးတဲ့အသင်းလည်းဖြစ်လို့ အားထည့်ရင် အားထည့်သလောက် စပိန်က ဖြစ်ထွန်းလာနိုင်စွမ်း ရှိနေပါတယ်။ ကစားသမားအင်အားအရလည်း စုဖွဲ့ထားမှုကောင်းတဲ့အတွက် အာရှမြေမှာ စပိန်ဆီက ချန်ပီယံခြေစွမ်း ထုတ်ဖော်ပြသတာကို မြင်တွေ့ခွင့်ရနိုင်မလား စောင့်ကြည့်ကြရမှာပါပဲ။ ၂၀၂၂ […]


