ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင် ရလဒ် ဆက်ကောင်းနိုင်မလား
Dawei Watch
May 11, 2023မေလ ၁၂ ရက်နေ့မှာ မြန်မာပရိသတ်တွေအတွက် ရင်ခုန်စရာ မွေထိုင်းစိန်ခေါ်ပွဲတစ်ပွဲ ရှိလို့နေပါတယ်။ ဒီပွဲစဉ်ကတော့ ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင်(ခ) Sulaiman Looksuan ထိုးသတ်မယ့်ပွဲစဉ်ပါပဲ။ ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူဟာ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒီပွဲစဉ်ကို မေလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်မှာ ထိုးသတ်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ One Championship က ကြီးမှူးကျင်းပပေးတဲ့ One Friday Fights 16 ရဲ့ စိန်ခေါ်ပွဲတစ်ပွဲအဖြစ် ထွန်းမင်းနိုင် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ထိုင်းမွေထိုင်းကစားသမား ပီတိတ်ခ် ဆော် သက်ပ်ပါရတ် ပါပဲ။


