ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ကွဲပြားနေတဲ့ ကွင်းဆက်လေးခုမှသည် အမှုကြီးတစ်ခုဆီသို့ (သို့မဟုတ်) Corona Papers

Dawei Watch

July 28, 2023

ဒီတစ်ပတ်အတွက် ခံစားသက်ဝင် ရုပ်ရှင်ဇာတ်ကားတစ်ကား တင်ဆက်ပေးဖို့ ရွေးချယ်ချိန်မှာ အခက်တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားကောင်းတွေက အများအပြားရှိနေလို့ပါပဲ။ အဲ့ဒီလို ဇာတ်လမ်းကောင်းတွေထဲကမှ Corona Papers ဆိုတဲ့ ဇာတ်ကားကို ရွေးချယ်လိုက်ပါတယ်။ ဒီဇာတ်ကားဟာ လှည့်ကွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်ကားပါ။ ဒါကြောင့် စိတ်ရှည်စွာနဲ့ကြည့်ရှုပြီး သည်းထိတ်ရင်ဖို လှည့်စားမှုတွေရဲ့နောက်ကို စီးမျောလိုက်ပါနိုင်ဖို့ လိုအပ်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်က ဇာတ်လမ်းအစက ပြကွက်တွေ၊ ဇာတ်လမ်း သုံးပုံ တစ်ပုံလောက်မှာ ပြတဲ့ပြကွက်တွေ၊ ဇာတ်လမ်းအလယ်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာ တစ်ခုနဲ့ တစ်ခု ဘာမှမဆိုင်သလို အဆက်အစပ်မဲ့နေတာပါပဲ။ ဒါပေမဲ့ ဇာတ်သိမ်းခန်းဆီ ရောက်တဲ့အခါ အဲ့ဒါတွေအားလုံးက ချိတ်ဆက်ကွင်းဆက်တွေ၊ အကြောင်းကြောင့် အကျိုးဖြစ်လာရတာတွေ၊ ဆက်စပ်မှုက ကြီးမားလွန်းခြင်းမက ကြီးမားလွန်းနေတာတွေကို အံ့အားသင့်ဖွယ် ခံစားမြင်တွေ့ရပါလိမ့်မယ်။ ဇာတ်ကားရဲ့နာမည်ကို မေ့သွားမှာစိုးလို့ ထပ်ပြောလိုက်ပါရစေ။ […]

ဇူလိုင်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 27, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 26, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

အောင်လအန်ဆန်းနဲ့ စိတ်မကျေပွဲ ထပ်ထိုးဖို့ကိစ္စကို စိတ်မဝင်စားဘူးလို့ ပြောလိုက်တဲ့ ရိုင်နီရာ

Dawei Watch

July 26, 2023

နယ်သာလန်သူရဲကောင်းလို့ နာမည်ကြီးတဲ့ ရိုင်နီယာ ဒီရစ်ဒါ ဟာ အောင်လအန်ဆန်းနဲ့ တတိယပွဲစဉ်ထိုးသတ်ဖို့က လတ်တလောမှာ မဖြစ်နိုင်သေးဘူးလို့ ပြောလိုက်ပါတယ်။ ဒီရစ်ဒါဟာ အောင်လအန်ဆန်းနဲ့ အခုမတိုင်ခင် ထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ၂ ပွဲလုံး အနိုင်ရထားတဲ့သူပါ။ လတ်တလောမှာ ရိုင်နီယာနဲ့ထိုးသတ်ခွင့်ရနိုင်ဖို့အတွက် ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ရှာမေးလ် အာဒိုဂန်ကလည်း ကြိုးစားလို့နေပါတယ်။ ရိုင်နီယာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ထိုးသတ်တဲ့စိန်ခေါ်ပွဲစဉ်မှာ အနာတိုလေ မာလေခင် ကို အရေးနိမ့်ပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံရွှေခါးပတ်ကို စွန့်လွှတ်လိုက်ရပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ရိုင်နီယာဟာ ရွှေခါးပတ်နှစ်ဆုပိုင်ရှင်အဖြစ်ကနေ ရွှေခါးပတ်တစ်ခု ပိုင်ရှင်ဘဝဆီကို ရောက်သွားခဲ့ပါပြီ။ ရှေ့လာမယ့်ပွဲစဉ်ကို ရိုင်နီယာက ဘယ်သူနဲ့ထိုးသတ်မလဲဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။

ဇူလိုင်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 25, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဇူလိုင်လ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 24, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဟောလိဝုဒ်အစ မီဒီယာအလယ် အပြာလောကအဆုံး AI စိန်ခေါ်မှုကို ရင်ဆိုင်နေကြရပြီ

Dawei Watch

July 24, 2023

AI။ အခုရက်ပိုင်းတွေအတွင်း လူပြောအရမ်းများလာတဲ့ စကားလုံးတစ်ခုဆိုရင် မှတ်ဉာဏ်တု AI ပါပဲ။ အစောပိုင်းက AI ဟာ တွေးတောတာ၊ အချက်အလက် စိစစ်တာ၊ မေးခွန်းတွေ အပြန်အလှန်ဖြေကြားပေးတာ၊ ဒီဇိုင်းရေးဆွဲတာ အစရှိတဲ့ကဏ္ဍတွေဆီ ခြေလှမ်းသွက်သွက် လှမ်းနေပေမယ့် လူသားတွေရဲ့လုပ်ငန်းတွေကို စိန်ခေါ်တာမျိုး မရှိခဲ့ပါဘူး။ အခုတော့ လူသားတွေရဲ့လုပ်ငန်းတွေထဲ AI ဝင်ရောက်လာလို့ လူသားတွေ အခက်တွေ့နေရပါပြီ။ AI ကြောင့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ခြေရှိတဲ့ လူသားတွေဟာ AI အသုံးပြုမှုကို ဆန္ဒပြ ကန့်ကွက်နေပြီပဲဖြစ်ပါတယ်။ ဟောလိဝုဒ်ရပ်ဝန်းထဲက AI ကန့်ကွက်ဆန္ဒပြပွဲမှာ နာမည်ကြီးဒါရိုက်တာ ခရစ္စတိုဖာ နိုလန်တို့တောင် ပူးပေါင်းပါဝင်ပေးနေသလို တချို့က ရိုက်လက်စ ရုပ်ရှင်ရိုက်ကွင်းတွေကို အကုန်ရပ်နားပြီး ဆန္ဒပြပွဲကို အရှိန်အဟုန် မြှင့်တင်ထားပါတယ်။ တကယ်တော့ AI ဟာ ဟောလိဝုဒ်တင် မကပါဘူး။ […]

လက်ဝတ်ရတနာများက ပြောသည့်သမိုင်း

Dawei Watch

July 23, 2023

တနင်္သာရီတိုင်းတွင် ရှေးမြို့ဟောင်းများစွာရှိနေသည်။ မြို့ဟောင်းများမှ တူးဖော်ရရှိသည့် လက်ဝတ်ရတနာများက သမိုင်းကိုပြောပြနေကြသည်။ ယခုအပတ် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် လက်ဝတ်ရတနာများက ပြောပြနေသည့် တနင်္သာရီ သမိုင်းကိုတင်ဆက်ပေးလိုက်ရပါသည်။