တနင်္သာရီအစိုးရကို စွဲဆိုထားသည့်အမှု တရားရုံးလက်ခံ၊ မေလ ၁၅ ရက်နေ့ စစစ်မည်
diz_admin
April 9, 2020အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ဆုံးရှုံးနစ်နာရသည်ဟုဆိုကာ လျော်ကြေးငွေကျပ်သိန်းပေါင်းငါးသောင်းရလိုမှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အစိုးရကိုတရားစွဲဆိုမှုကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်ပြီဖြစ်သည်။ စူပါလိုကယ်ကုမ္ပဏီ၏ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေရလိုမှုဖြင့်စွဲဆိုရာတွင် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းလူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် ၈ ဦးကို တရားစွဲဆိုထားခြင်းဖြစ်သည်။ သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ၈ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်သည့်ကိစ္စနှင့်ပတ်သက်၍ စူပါလိုကယ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက စွဲဆိုခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ၏ လျော်ကြေးငွေရလိုမှု (အဆိုလွှာ)လျှောက်ထားမှုကို မတ်လ ၂၄ စိစစ်ရာ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရာထူး နေရာထပ်နေသည့်အတွက် ပြန်လည်ပြင်ဆင်စေခဲ့ပြီး အမှုကိုလက်ခံခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ အထက်ပါ အထွေထွေလျော်ကြေးငွေရလိုမှုကို တိုင်းတရားလွှတ်တော်က တရားမကြီးမှုအမှတ် […]


