လောင်းလုံး ဥပဒေ အထောက်အကူပြုအဖွဲ့ထံ အမှုကိစ္စ အကူအညီ တောင်းခံသူနည်းသေး
diz_admin
April 27, 2020နှစ်နှစ်ကျော်ကာလအတွင်း လောင်းလုံးမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ လာရောက်အကူအညီတောင်းခံသည့်အမှု ၁၅ ခု သာရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းအဖွဲ့ရုံးခန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။ လာရောက်တောင်းခံသည့်အမှုများအနက် သုံးခုကို အခမဲ့အမှုလိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်စိုးက ပြောသည်။ အခမဲ့လိုက်ပါဆောင်ရွက်ပေးခဲ့သည့် အမှုများမှာ လောင်းလုံးမြို့ပေါ်၊ သဗျာနှင့် ကဒက်ငယ်ထိန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် ခိုးမှု၊ အိမ်ကျော်နင်းမှု၊ မီးပေါ့ဆမှု တို့ဖြစ်ပြီး ကျန် အမှုများကိုမှု ဥပဒေဆိုင်ရာအကြံပေးပြီး သက်ဆိုင်ရာရဲစခန်းထံ ညွှန်းပို့ပေးခဲ့ကြောင်း ဦးဉာဏ်စိုးက ပြောသည်။ “အဲဒီ သုံးမှုစလုံး ကွင်းလုံးကျွတ် လွတ် သွားတယ်”ဟု ၎င်းက ဆိုသည်။လောင်းလုံးမြို့နယ်ရှိ ဒေသခံအချို့အား မေးမြန်းကြည့်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ယင်းဥပဒေဆိုင်ရာ အထောက်အကူပြုဖွဲ့ ရုံးခန်း ဖွင့်လှစ်ထားသည်ကိုပင် သိရှိသူ […]


