ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့
diz_admin
June 15, 2020ကိုဗစ်ထိန်းချုပ်ရေးဟုဆိုကာ တရားမဝင်ပြန်တော်ပြန်လာသူများကို အရေးယူရေးကိစ္စပြည်ထောင်စု၏ အဖြေမရမမီ ဇွန်လ ၁၄ ရက်နေ့မှစကာ ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသူများကို လက်ခံမည်မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ “အရေးယူမယ့်အပိုင်းကတော့ အစိုးရအဖွဲ့ကိုလည်း တင်ပြရမှာပေါ့နော်” ဟု ၎င်းကပြောသည်။ တရားမဝင်နယ်စပ်ဝင်ပေါက်မှဝင်လာပြီး မြန်မာနိုင်ငံအတွင်းရောက်နှင့်ပြီးသူများကို ပြန်လွှတ်/ မလွှတ်ကိုမူ တိုင်းအစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ နေရပ်ပြန်များပြန်ဝင်လာသည့် အရေးကိစ္စနှင့် ပတ်သက်သည့် ညွှန်ကြားချက်များမှာ မရှင်းလင်းဘဲ ဝိဝါဒကွဲလွဲနေသည့်အတွက် ပြန်လည်တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။ မေလ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့် ဇွန်လ ၁၀ ရက်နေ့တွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေညာချက်တို့က ဒွိဟဖြစ်နေသည့်အတွက် […]


