တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် စစ်တပ်ပါတီကသာ အနိုင်ရ
Dawei Watch
January 6, 2026အတိုက်အခံများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် စနစ်တကျပြင်ဆင်ထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း ၁ တွင် စစ်အာဏာရှင်တပ်၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ တနင်္သာရီတစ်တိုင်းလုံးတွင် အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း ၁ ကိုကျင်းပခဲ့ရာ တနင်္သာရီတိုင်းတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲမရှင်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပြိုင်စရာမလိုဘဲ အနိုင်ရသည့် ကိုယ်စားလှယ်လောင်း စာရင်းများကို ထုတ်ပြန်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်နေ့အထိ ထုတ်ပြန်ထားချက်အရ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိနေသည်။ ကြံ့ခိုင်ရေးပါတီက မြိတ်၊ ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် အနိုင်ရရှိထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။ ယင်းအပြင် လောင်းလုံးနှင့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက်လည်း […]


