တနင်္သာရီတိုင်းက ကိုယ်စားလှယ်လောင်းများ စစ်အာဏာရှင်တပ် လုံခြုံရေးအကူအညီဖြင့် မဲဆွယ်
Dawei Watch
November 20, 2025စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် အာဏာရှင်စစ်တပ် လုံခြုံရေးအကူညီဖြင့် မဲဆွယ်နေကြောင်း စုံစမ်းသိရသည်။ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းများ၏ မြိတ်ခရိုင် မဲဆွယ်ရေးခရီးစဉ်များအတွင်း စစ်အာဏာရှင်တပ်သားများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည်ကို တွေ့ရသည်။ မဲဆွယ်ဟောပြောမည့် ဧရိယာပတ်ပတ်လည်ကို စစ်အာဏာရှင်တပ်သားများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ယူထားသည့်အပြင် ကိုယ်စားလှယ်လောင်းအနီးတွင်လည်း အရပ်ဝတ်လက်နက်ကိုင်များက အနီးကပ်နေရာယူထားကြသည်။ နယ်ကျေးရွာများအတွက်သာ ထိုကဲ့သို့ လုံခြုံရေးဖြင့် မဲဆွယ်သွားခြင်းမျိုး မဟုတ်ဘဲ မြို့ပေါ်ရပ်ကွက် မဲဆွယ်ပွဲများ၊ ပါတီဆိုင်းဘုတ်တင်ပွဲများတွင်ပါ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားကြောင်း စုံစမ်းသိရသည်။ လုံခြုံရေး စိတ်မချရသည့် ဒေသများသို့ သွားရောက်ပြီး မဲဆွယ်ကြမည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံမှတစ်ဆင့် လုံခြုံရေးတောင်းခံခွင့်ရှိကြောင်း ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သွားမယ့်နေရာတွေကို ငါးရက်လောက်ကြိုပြီး […]


