စစ်အုပ်စုရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေး တစ်ဆယ်ကျော်၊ ပြည်သူ့ပါတီကတစ်ဦး အနိုင်ရ
Dawei Watch
January 8, 2026စစ်ကော်မရှင် ကျင်းပသည့် တနင်္သာရီတိုင်း ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း လေးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် အများစုအနိုင်ရပြီး ပြည်သူ့ပါတီက တစ်ဦး အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ကြံ့ခိုင်ရေးပါတီက ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရထားသည်။ ယင်းအပြင် အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးနှင့် အပိုင်း (၂) တွင် ပါဝင်သည့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာလည်း ပြိုင်ဘက် မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုတော့ဘဲ ကြံ့ခိုင်ရေးပါတီက အလိုအလျောက် အနိုင်ရထားသည်။ ယင်းအတွက်ကြောင့် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ခြောက်ဦး အနိုင်ရထားသည်။ […]


