ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

တနင်္သာရီတိုင်းတွင် နိုင်ကျဥ်း ၁၅၀ ဝန်းကျင် လွတ်မြောက်

Dawei Watch

March 3, 2026

တနင်္သာရီတိုင်းတွင် မတ်လ ၂ရက်က လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၁၇၂ ဦးလွတ်မြောက်ကြောင်း စုံစမ်းသိရသည်။ အကျဉ်းထောင် သုံးခု၊ ကုန်ထုတ်အကျဉ်းစခန်း နှစ်ခုတို့က အကျဉ်းသား၊ အကျဉ်းသူများ လွတ်မြောက်လာခြင်းဖြစ်သည်။ ထားဝယ်အကျဥ်းထောင်တွင် အမျိုးသား ၈ဝ ဦးနှင့် အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၁ဝ၈ ဦး လွတ်လာပြီး လွတ်လာသူ အများစုသည် နိုင်ငံရေးအကျဥ်းသူ၊ အကျဉ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) နှင့် လွတ်မြောက်လာသူများ၏ မိသားစုများထံမှ သိရသည်။ မြိတ်နှင့် ကော့သောင်း အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများက အကျဉ်းသား၊ အကျဥ်းသူ စုစုပေါင်း ၆၄ ဦး လွတ်ငြိမ်းခွင့်ရကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ မြိတ်အကျဉ်းထောင်က အမျိုးသား […]

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်

Dawei Watch

February 24, 2026

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းဖော်ပြသည်။ တနင်္သာရီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကယား (ကရင်နီ) ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြသည်။ တနင်္သာရီနှင့် မွန်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ မြို့တွင်းရပ်ကွက်အချို့နှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများတွင် မိုးရွာကြောင်း ဒေသခံများထံမှ […]

တနင်္သာရီတိုင်းတွင် မိုးရွာနိုင်

Dawei Watch

February 13, 2026

တနင်္သာရီတိုင်းတွင် ယခုရက်သတ္တပတ်အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနများနှင့် မိုးလေဝသ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။ တနင်္သာရီတိုင်းအပါအဝင် ရှမ်း (အရှေ့ပိုင်းနှင့် တောင်ပိုင်း) ၊ ကရင်၊ မွန်၊ ကရင်နီ(ကယား)၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနက တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်တွင် ဖော်ပြသည်။ စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနကလည်း တနင်္သာရီတိုင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှ နောက် နှစ်ရက်အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ယခုရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေပွေလှိုင်း တစ်ခုဖြစ်ပေါ်နေသဖြင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်းသည်။ ထားဝယ်ခရိုင်နှင့် […]

မြိတ်-ထားဝယ်ကားလမ်း ပိတ်နေ

Dawei Watch

February 9, 2026

မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်ကစ၍ ဖြတ်သန်းသွားလာ၍ မရကြောင်း ကားသမားအချို့နှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။ သရက်ချောင်းမြို့နယ် ဆင်ကျန်းကျေးရွာမှ ပလောက်အထိ လမ်းကြောင်းပိတ်ထားပြီး မြိတ်ဘက်ခြမ်းတွင်လည်း ကားလမ်းပိတ်ထားကြောင်း ကားသမားအချို့က ဆိုသည်။ “ကားလမ်းပိတ်ထားတာ နှစ်ရက်ရှိပြီ” ဟု မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ သရက်ချောင်းမြို့နယ်မှ ပလောက်၊ ယင်းမှ ပုလော၊ ပလ၊ မြိတ်အထိ ပြည်ထောင်စုကားလမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာသည့် ပုံစံရှိနေကြောင်း ဒေသခံအချို့နှင့် ကားသမားအချို့က ဆိုသည်။ “လမ်းပိတ်တာ ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှမသိဘူး” ဟု ခရီးသည်တင် ကားသမားတစ်ဦးက ပြောသည်။ ကုန်ကားသမားတစ်ဦးကလည်း ကားလမ်းပိတ်ထားသည်မှာ နှစ်ရက်ရှိလာပြီဖြစ်ပြီး ကားသမားများနှင့် ကုန်ကားများ၊ ခရီးသည်များ လမ်းတွင် ပိတ်မိနေကြောင်း […]

စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ကုန်စျေးနှုန်း ဘယ်လောက်တက်သွားလဲ

Dawei Watch

February 5, 2026

စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာလာချိန်တွင် တနင်္သာရီတိုင်း၌ ရွှေဘိုပေါ်ဆန်းတစ်ပြည် ကျပ်တစ်သောင်းအထိ ပေးနေရပြီး ဒေသအစားအစာများအပါအဝင် အထွေထွေကုန်ဈေးနှုန်းမှာ အဆပေါင်းများစွာထိုးတက်သွားသည်။ အာဏာမသိမ်းမီက အိပ်ကပ်အတွင်းငွေကျပ်တစ်ထောင်ရှိရုံဖြင့် နံနက်စာစားသောက်နိုင်သော်လည်း အာဏာသိမ်းပြီး ငါးနှစ်ကြာလာချိန်တွင်မူ လက်ဖက်ရည်ဆိုင်သွားရန် ကျပ်ငါးထောင် အနည်းဆုံးလိုအပ်လာသည်။ တနင်္သာရီတိုင်းသားများ နံနက်စာအဖြစ်စားလေ့ရှိသည့် ပဲဟင်းနံပြား၊ ဆီကျက်ခေါက်ဆွဲ၊ အီကြာကွေး၊စမူဆာ လက်ဖက်ရည် စသည့်စားစရာဈေးနှုန်းက အနည်းဆုံး ငါးဆဝန်းကျင်တက်သွားသည်။ ယင်းအပြင် ညနေနှင့် ညဘက် အဆာပြေစားလေ့ရှိသည့် လားခေါက်ဆွဲ၊ မုန့်လက်သုပ်၊ မြိတ်ကတ်ကြေးကိုက်စသည့် ဒေသအစားအစာများလည်း ဈေးတက်သွားသည်။ ယင်းအပြင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးလည်း ငါးနှစ်တာကာလအတွင်း ပျမ်းမျှအားဖြင့် ၅ ဆကျော် ဈေးတက်သွားသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျလာကြောင်း သိသာစေသည့်အချက်မှာ ကျပ်နှင့်ထိုင်းဘတ်ငွေလဲနှုန်းဖြစ်ပြီး ဘတ်စျေး အဆပေါင်းများစွာ တက်သွားသလို ရွှေဈေးကလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းတစ်ရာကျော်အထိ ဈေးမြောက်သွားသည်။ […]

တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်ဝန်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ နေရာအများစုအနိုင်ရ

Dawei Watch

January 31, 2026

တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီ (USDP) က လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ်အများစု အနိုင်ရကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။ တနင်္သာရီတိုင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး နှင့် ကရင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၄၃ နေရာ ရှိသည်။ ယင်းတို့အနက် ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်တွင် ကိုးဦး၊ ပြည်သူ့လွှတ်တော်တွင် ၁၀ ဦးစလုံး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၁၄ ဦး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး စုစုပေါင်း ၃၄ ဦး ရရှိခဲ့သည်။ ယင်း ၃၄ ဦးနက် ပြိုင်ဘက်မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုဘဲ အလိုအလျောက် […]

တနင်္သာရီတိုင်းတွင် စစ်အုပ်စုပါတီက သုံးဦးထပ်အနိုင်ရ

Dawei Watch

January 20, 2026

ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်ခဲ့သည့် ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီသုံးမြို့နယ်ထဲတွင် စစ်အုပ်စု ကျောထောက်နောက်ခံ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက သုံးဦး ထပ်မံအနိုင်ရကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ကို ပေါင်းထားသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) တို့တွင် အနိုင်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော်နေရာအတွက်မူ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်း မရှိသေးပေ။ ရွေးကောက်ပွဲအပိုင်း (၁) ဖြစ်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းတို့တွင်မူ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၁၃ ဦး အနိုင်ရထားပြီး ပြည်သူ့ပါတီက တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦး […]

စစ်အုပ်စုရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေး တစ်ဆယ်ကျော်၊ ပြည်သူ့ပါတီကတစ်ဦး အနိုင်ရ

Dawei Watch

January 8, 2026

စစ်ကော်မရှင် ကျင်းပသည့် တနင်္သာရီတိုင်း ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း လေးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် အများစုအနိုင်ရပြီး ပြည်သူ့ပါတီက တစ်ဦး အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ကြံ့ခိုင်ရေးပါတီက ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရထားသည်။ ယင်းအပြင် အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးနှင့် အပိုင်း (၂) တွင် ပါဝင်သည့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာလည်း ပြိုင်ဘက် မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုတော့ဘဲ ကြံ့ခိုင်ရေးပါတီက အလိုအလျောက် အနိုင်ရထားသည်။ ယင်းအတွက်ကြောင့် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ခြောက်ဦး အနိုင်ရထားသည်။ […]