သွားပိုးစား၊ သွားဖုံးရောင် ကာကွယ်နိုင်ဖို့
diz_admin
July 21, 2020အဖြစ်များသော သွားနှင့် ခံတွင်း ရောဂါများဖြစ်တဲ့ သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေဟာ သွားနဲ့သွားဖုံးမှာ ဘတ်တီးရီးယား ပိုးများဝင်ရောက်ရာကနေ ဖြစ်ပါတယ်။ ဘက်တီးရီးယား ပိုးတွေဟာ အစားအစာထဲက သကြားဓာတ်ကို အက်စစ်ဓာတ်အဖြစ် ပြောင်းလဲစေပြီး သွားထဲက ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တို့ကို ပျော်ဝင်စေတယ်။ ဒါကြောင့် သွားမှာ အပေါက်များဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောင်တာ တွေကနေတစ်ဆင့် သွားဖုံးမှာ ပြည်တည်တာ၊ မေးရိုးနဲ့ မျက်နှာရောင်ရမ်းတာတွေ ဖြစ်စေပြီး အချိန်မီကုသမှု မခံယူဘူးဆိုရင် အသက်သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ အဲလိုမဖြစ်အောင် ဘာတွေလုပ်ဖို့ လိုပါသလဲ။ ၁) တစ်နေ့နှစ်ကြိမ် စနစ်မှန်မှန် သွားတိုက်တာ၊ အချိုများတဲ့ သရေစာတွေ လျှော့စားတာက သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား ၂) […]