ဒယ်ထာခရွန်ကိုဗစ်မျိုးကွဲ ဘာလဲ၊ ဘယ်နေရာမှာတွေ့ခဲ့တာလဲ
diz_admin
March 14, 2022ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန် အားပျော့သည်။ သူ့ကြောင့် ဆေးရုံတက်ရနိုင်ခြေ၊ သေဆုံးနိုင်ခြေ များစွာ နည်းပါးကြောင်း ပညာရှင်များက ဆိုကြသည်။ ထိုအချိန်တွင် အခြားသော ကိုဗစ်မျိုးကွဲအသစ်တစ်ခုကိုသရုပ်ခွဲစိစစ်နိုင်ခဲ့ပြီးယင်း၌ဒယ်ထာနှင့်အိုမိုက်ခရွန်မျိုးကွဲအစိတ်အပိုင်းများတွေ့ရှိခဲ့သည်။ ဒယ်ထာခရွန်ဆိုသည်မှာ ဝေါဟာရပေါင်းစပ်စကားလုံးအသစ်ဖြစ်သော ဒယ်ထာခရွန် ဟူသည်က ကိုဗစ်မျိုးကွဲတစ်ခုဖြစ်ကာ ယခင်က ကိုဗစ်မျိုးကွဲများဖြစ်သော နာမည်ကြီး ဒယ်ထာ နှင့် ကူးစက်မြန် ကိုဗစ်မျိုးကွဲ အိုမိုက်ခရွန်တို့၏ အစိတ်အပိုင်းများပါဝင်နေသည့် ကိုဗစ်ဗိုင်းရပ်စ် ပေါင်းစပ်မျိုးကွဲအသစ်ဖြစ်သည်။ တနည်းဆိုရလျှင် ထိုမျိုးကွဲအသစ်တွင် ဒယ်ထာနှင့် အိုမိုက်ခရွန် မျိုးကွဲများက မျိုးဗီဇများပါဝင်နေပြီး ကိုဗစ်မျိုးကွဲနှစ်ခု ပြန်လည်ပေါင်းစည်းထားသည့် ကိုဗစ်ဗိုင်းရပ်စ်မျိုးတစ်မျိုးဖြစ်သည်။ ဒယ်ထာ နှင့် အိုမိုက်ခရွန်ကိုဗစ်မျိုးကွဲ နှစ်ခု မျိုးဗီဇပေါင်းစပ်ပါဝင်နေသော ကိုဗစ်ပေါင်းစပ်မျိုးကွဲအသစ်တစ်မျိုးကို တွေ့ရှိရသည်မှာ အမှန်တကယ်ပင်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ “လူတစ်ယောက်တည်းမှာ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲတစ်မျိုးထက်ပိုပြီး အကူးခံရပြီး ဆဲလ်တစ်ခုတည်းမှာ ဗိုင်းရပ်စ်တွေပွားတဲ့ […]