မွန်တွင် လူတစ်ထောင်ကျော် သွေးလွန်တုပ်ကွေးကူးစက်၊ သုံးဦးသေဆုံး
diz_admin
July 6, 2022မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိပြီး သေဆုံးသူ သုံးဦးအထိ ရှိလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လကုန်အထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိကာ ရေးမြို့နယ်က ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်က ကလေးနှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ အများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်သည်ဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကလေးတွေ ဖျားရင် သတိထားရပါမယ်။ သွေးလန့်တဲ့လက္ခဏာတွေ အဖျားကျလာပြီးတော့ အေးစက်သွားတယ်၊ မှိန်းသွားတယ်၊ အန်တဲ့အခါ အညိုရောင်ဖြစ်တဲ့အခါ ဝမ်းအမဲရောင်ဖြစ်တာ၊ ဒါမျိုးလေး တစ်ခုခုဖြစ်တာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းပြကြဖို့ အချိန်မီကုသဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။ သွေးလွန်တုပ်ကွေးအဖြစ်များသည့် မြို့နယ်များမှာ မော်လမြိုင်၊ ပေါင်၊ […]


