အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 18, 2022အခန်း(၂၂) ငန်းနက် က သူ့ရှေ့မှ လူငယ်နှစ်ဦးကို သေချာစိုက်ကြည့်နေသည်။ ထို့နောက် သူ့လက်ထဲမှ စာကို နောက်တစ်ကြိမ် ပြန်ဖတ်လိုက်၏။ “လှမောင်သားဆိုတာ မင်းဖြစ်ရမယ်…ဟုတ်တယ်မဟုတ်လား” ဧရာကို လက်ညိုးထိုးလိုက်သည်။ ဧရာက ခေါင်းညိတ်ပြ၏။ “အေး…ငါတို့ အထက်ဘက်မှာ အလုပ်တွေလုပ်ခဲ့တုန်းက.မင်းအဖေ နဲ့ အမေက သိပ်အတွဲညီခဲ့တာကွ….အေးလေ.. အကိုကြီးက မင်းတို့ကို ကူညီပါလို့ စာထဲမှာရေးထားတယ်…အနှင်းတို့လှမောင်တို့ သားဆိုတော့ သူ မရေးလည်း ငါက ကူညီရမှာပါပဲ..ဒါနဲ့ မင်းဘေးက တစ်ယောက်က” “ကြေးမုံလို့ ခေါ်ပါတယ်…ကျွန်တော့်သူငယ်ချင်းပါ” “အေး…ငါ့သမီးယုမော် လှမ်းပြောထားလို့ ကြေးမုံဘာကောင်ဆိုတာ ငါသိထားပါတယ်..အင်း.. မင်းတို့ ဒီနယ်မြေမှာ မှောင်ခိုလမ်းကြောင်းသစ်ချချင်တယ်ဆိုတော့..ဘာတွေများသယ်မှာလဲ” “ခေတ်ပေါ်အဝတ်အစားနဲ့ ဖက်ရှင်ပစ္စည်းတွေပါ..နေကာမျက်မှန်တို့ သားရေဂျာကင်တို့ ဘောင်းဘီတို့” ငန်းနက်က မျက်မှောင်ကြုံ့လိုက်သည်။ “အထည်လိပ်တို့ စားသောက်ကုန်တို့ က ပိုမြတ်တာမဟုတ်ဘူးလား” ကြေးမုံက ပြုံးလိုက်သည်။ […]


