BREAKING
October 18, 2025

ရုပ်သံ

အရေးတကြီး သတိထားရတော့မယ့် မိုခါမုန်တိုင်

Dawei Watch

May 12, 2023

မိုခါမုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလဌာနများက ခန့်မှန်းထားသည်။

မြိတ်မြို့မှ စွန့်ဦးတီထွင်သူရဲ့ လက်ရာသစ် အုန်းဆံမျှင်အလှပန်းအိုး

diz_admin

January 12, 2023

မြိတ်မြို့ ဘလောက်စုရပ်ကွက်နေ ဦးသန်းဇော်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစပြီး အုန်းဆံမျှင်ကနေ အလှပန်းအိုးကို တီထွင်ထုတ်လုပ်နေတာပါ။ ဦးသန်းဇော်ဦးဟာ ၂၀၁၇ တုန်းကလည်း တစ်ခါသုံးထမင်းဘူး၊ တစ်ခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသအခေါ် ဘုတ်ဖတ်)ကို အသုံးပြုပြီးတော့ ထုတ်လုပ်ခဲ့တာကြောင့် စွန့်ဦးတီထွင်သူအဖြစ် လူသိများသူတစ်ဦးပါ။ သူ့ရဲ့ ဆန်းသစ်မှု တစ်ခုဖြစ်တဲ့ အုန်းဆံမျှင်အလှပန်းအိုးတွေ အကြောင်းကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

ဥတုဒဏ်သင့် လယ်သမား

diz_admin

December 10, 2022

အမှည့်လွန်နေပြီဖြစ်တဲ့ စပါးတွေ အချိန်မီမရိတ်သိမ်းနိုင်ရင် ဆုံးရှုံးတာတွေ များနိုင်သလို အရည်အသွေးလည်း ကျဆင်းလေ့ရှိပါတယ်။ တနင်္သာရီတိုင်းမှာ ရွာသွန်းနေတဲ့ အခါမဲ့မိုးကြောင့် တောင်သူတွေ ဘာတွေကြုံတွေ့နေရလဲ

ဆားဖျက်မိုး

diz_admin

December 9, 2022

ဆောင်းအဝင်ဖြစ်ပေမယ့် မိုးကာလလို နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ မကြာခဏ မိုးသည်းထန်စွာ ရက်ရှည် ရွာတာတွေကြောင့် ဆားလုပ်တောင်သူတွေ အခက်အခဲ အကြီးအကျယ် ကြုံနေကြရပါတယ်။ ရေငန်မွေးလိုက် မိုးဖျက်လိုက်၊ ရေငန်မွေးလိုက် မိုးဖျက်လိုက်နဲ့ အစကနေ ပြန်ပြန်လုပ်နေရတာကြောင့် လုပ်ငန်းကြန့်ကြာသလို အလုပ်သမား စရိတ်တွေလည်း ပိုမိုကုန်ကျနေတယ်လို့ ဆိုပါတယ်။

စပါးဖျက်မိုး

diz_admin

November 20, 2022

စပါးစျေးက သိပ်မကောင်းရတဲ့ အထဲ အချိန်အခါမဟုတ် ရွာလိုက်တဲ့မိုးကြောင့် လယ်သမားတွေ အခက်အခဲများစွာ ကြုံကြရပြန်ပြီ။ သူတို့ ဘာအခက်အခဲတွေ ကြုံနေကြလဲဆိုတာ တင်ဆက်ထားပါတယ်။

ထိုင်းကုမ္ပဏီကြောင့် ကွမ်းခြံ ၁၃ ဧက ပျက်စီးမှုအတွက် လျော်ကြေး ကျပ်သိန်းရာဂဏန်းသာ ရရှိ

diz_admin

November 11, 2022

ထိုင်းသတ္တုတွင်းကုမ္ပဏီကြောင့် ကွမ်းခြံပျက်စီးသွားတဲ့အတွက် လျော်ကြေးရလိုကြောင်း တရားစွဲဆိုခဲ့မှုမှာ သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေးပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချမှတ် လိုက်ပါတယ်။ဒါကြောင့် ဒေသခံတိုင်းရင်းသား ကွမ်းခြံပိုင်ရှင်ဟာ ပျက်စီးသွားတဲ့ ကွမ်းခြံ ၁၃ ဧကအတွက် လျော်ကြေးငွေ ကျပ်သိန်းရာဂဏန်းသာ ရရှိတာဖြစ်ပါတယ်။

မောင်းမကန်ကမ်းခြေ၏ သဘာဝအလှတရားနှင့် နေဝင်ဆည်းဆာအလှ

diz_admin

October 26, 2022

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်မှုများပြားသည့် မောင်းမကန်ကမ်းခြေမှာ ရေလှိုင်းသံများသာ လွှမ်းမိုးနေပြီး အပန်းဖြေလာရောက်သူတို့ ကင်းမဲ့နေသည်။ ခရီးသွားများကြောင့် ပလပ်စတစ်အမှိုက်များဖြင့် ပျက်စီးစပြုနေခဲ့သော ကမ်းခြေမှာ ယခုတွင်တော့ သဘာဝအတိုင်းပြန်လည် လှပနေပြီဖြစ်သည်။ ယင်းကြောင့် မောင်းမကန်ကမ်းခြေ၏ သဘာဝအလှတရားနှင့် နေဝင်ဆည်းဆာ အလှကိုတင်ဆက် လိုက်ရပါသည်။

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုပြီ

diz_admin

March 31, 2022

တောရိုင်းတိရစ္ဆာန်တွေကို လွယ်လွယ်ကူကူရောင်းဝယ်နေမှုတွေ မတားဆီးနိုင်ရင် မြန်မာ့တောတောင်၊ ရေမြေ၊ ကောင်းကင်မှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာမယ်။ လူနဲ့တိရစ္ဆာန်အကြား ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်မယ်။ ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုနေပါပြီ။