ILO ပုဒ်မ ၃၃ နဲ့ အရေးယူတယ်ဆိုတာ ဘာလဲ
Dawei Watch
June 11, 2025ဇွန်လ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ ပြဌာန်းချက်ပါ ပုဒ်မ ၃၃ (Article 33) နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ILO အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဖို့ မလိုဘဲ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ILO ရဲ့ သမိုင်းတလျှောက်မှာ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ချမှတ်တာ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး အခုလို အရေးယူနိုင်ဖို့ ၄ နှစ်ကြာအောင် တောင်းဆိုခဲ့ရတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုကြပါတယ်။ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၀ ခုနှစ်မှာ ILO ရဲ့ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်နဲ့ […]