ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပညာေရး

တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ် ပထမပြန်ရ

diz_admin

June 17, 2022

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်းဆုံးဖြင့် မွန်ပြည်နယ်က ပထမရရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို စစ်ကောင်စီက ယနေ့ (ဇွန် ၁၇) ထုတ်ပြန် လိုက်ပြီး မွန်ပြည်နယ်တွင် ဖြေဆိုသူ တစ်သောင်းကျော် (၁၁,၂၁၂ ဦး) ရှိသည့်အနက် ခြောက်ထောင်ကျော် (၆၄၁၄ ဦး) အောင်မြင်သည်။ အောင်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အမြင့်မားဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။ မွန်ပြည်နယ်သည် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးအဖြစ် ဆက်တိုက်ရရှိနေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ “ဒီနှစ်လည်း မွန်ပြည်နယ်က အောက်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ ပထမရတယ်” […]

ဝန်ခံကတိထိုး၍ အလုပ်ပြန်ဝင်ရန် CDM ဆရာ၊ ဆရာမများကို ထပ်မံခေါ်ယူ

diz_admin

June 8, 2022

သင်ကြားရေးဆရာ အင်အားမလုံလောက်သဖြင့် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ဆရာဆရာမများ အလုပ်ပြန်ဝင်နိုင်မည့် အယူခံဝင်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံတိုးမြင့်လိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဇွန်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျောင်သား ၅ သန်းကျော် ကျောင်းအပ်နှံထားကြောင်း ကြေညာပြီးနောက် သင်ကြားရေးဆရာဆရာမများ လိုအပ်လျက်ရှိနေသဖြင့် ပြန်လည်ဝင်ရောက်ကြရန် ၃ ကြိမ်အထိ ခေါ်ယူခြင်းဖြစ်သည်။ ဆရာအင်အား မလုံလောက်သဖြင့် အသက် ၆၀ ပြည့်ပြီးသော ဆရာ/ဆရာမကြီးများကို လည်း ပင်စင်ယူခွင့်မပြုဘဲ ဆက်လက်တာဝန်ထမ်းဆောင်ခိုင်းကြောင်း အသက် ၆၀ ကျော် ဆရာမတစ်ဦးကဆိုသည်။ စစ်ကောင်စီက ပထမအကြိမ်အဖြစ် မေလ ၃၁ ရက်နေ့မတိုင်ခင် CDM ဆရာဆရာမများ အယူခံဝင်နိုင်ကြောင်း ကြေညာခဲ့သော်လည်း ဆက်သွယ်သူဦးရေ ၂၄၈၂ ဦးသာ ရှိခဲ့သဖြင့် ဇွန်လ […]

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်

diz_admin

May 31, 2022

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။ မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ မွန်အမျိုးသားကျောင်းများက ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာ ဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး မွန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။ “ဒီကောလိပ်ကနေ အောင်လက်မှတ်ရရင် နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာဆက်တင်ခွင့်ရမယ်။ မွန်အမျိုးသားကျောင်းကနေ ၁၀ တန်းအောင်ပြီး အစိုးရစာစစ်ဌာနမှာ (တက္ကသိုလ်ဝင်ခွင့်) ဝင်မဖြေထားတဲ့ ကလေးတွေကိုလည်း နိုင်ငံခြားမှာ တက္ကသိုလ်တက်ခွင့်ရအောင် ရည်ရွယ်ပြီးဖွင့်တာဖြစ်တယ်” ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် ဦးမင်းအောင်ဇေက ပြောသည်။ မွန်အမျိုးသားကောလိပ်တွင် ကျောင်းသူ၊ ကျောင်းသား ၁၀၀ […]

ကျောင်းနားမလား၊ တက်မလား

diz_admin

May 29, 2022

ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားလိုက်ရပြီး နောက်နှစ်မှာလည်း အာဏာသိမ်းမှုကြောင့် ကျောင်းသားမိဘ အများစုက သားသမီးများကို ကျောင်းမပို့ခဲ့ကြပေ။ ယခုပညာသင်နှစ်တွင်လည်း ကျောင်းသားမိဘတွေ ခေါင်းစားနေရပြန်သည်။ စစ်ကောင်စီက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းတွင် ကျောင်းအပ်မည်လော၊ မအပ်ဘဲနေမည်လော ဟုပင်။ စစ်ကောင်စီကို သပိတ်မှောက်ပြီး ကျောင်းမတက်လျှင် သားသမီး အသက်ကြီးလာပြီး ပညာရေး နောက်ကျ သွားမည်ကို စိုးရိမ်ကြသည်။ ကျောင်းတက်လိုက်ပြန်လည်း စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်မည် ကိုလည်း ထောက်ပြကြသည်။ ကျောင်းအနီး ဗုံးပေါက်မှုများကလည်း သားသမီး လုံခြုံရေးအတွက် စိတ်ပူရပြန်သည်။ သို့သော် ယင်းကျောင်းမတက်လျှင် မည်သည့်ပညာရေးကို ရယူရမည်နည်းဆိုသည့် မေးခွန်းကလည်း ရှိသည်။ အွန်လိုင်းပညာရေးစနစ် အားကောင်းလာသည့်တိုင် လူတိုင်းလက်လှမ်းမီဖို့ ဝေးနေသေးသည်။ ကျောင်းမတက်ဘဲ မည်သည့်အချိန်ကာလအထိ တောင့်ခံထားရမည်ဆိုသည့်အဖြေကလည်း သေသေ ချာချာ မရှိသေးပေ။   […]

ကျောင်းတက်ရေး၊ မတက်ရေး ဝိရောဓိ

diz_admin

May 29, 2022

အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ စတင်ကျောင်းအပ် လက်ခံနေပြီ။ ဒီနှစ်သမီးဖြစ်သူကို ကျောင်းတက်ခိုင်းမှာလားဆိုတဲ့ မေးခွန်းအပေါ် ရုတ်တရက် ဒေါ်ရှိန်တစ်ယောက် ဘာဖြေရမှန်းမသိ။ ခဏတွေဝေသွားပြီးမှ “မသိသေးဘူး” ဟု တစ်လုံးချင်း လေးပင်စွာ ပြောဆိုလိုက်ပါတယ်။ ဒါကစစ်ကောင်စီလက်ထက်မှာ ဖွင့်လှစ်မယ့် ဒုတိယမြောက် စာသင်နှစ်လည်း ဖြစ်ပါတယ်။ ဒေါ်ရှိန် သမီးမှာ ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားခဲ့ရသလို စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့နှစ်ကဖွင့်တဲ့ ကျောင်းကိုလည်း မတက်ခဲ့။ ကိုဗစ်နဲ့ အာဏာသိမ်းမူကြာင့် စတုတ္ထတန်းကျောင်းသူ ဒေါ်ရှိန်ရဲ့သမီးလေး ကျောင်းမတက်ရတာ ၂ နှစ်ရှိပြီ။ တပတ်ရစ်ဆိုင်ကယ်နဲ့ ရွာထဲရာသီပေါ်သီးနှံ လည်ရောင်းနေတဲ့ လောင်းလုံးမြို့နယ်သူ ဒေါ်ရှိန်အတွက် ခေါင်းခဲချင်စရာကောင်းတဲ့ ကျောင်းဖွင့်ရာသီပင်။ အခုဆို ဒေါ်ရှိန်သမီးက ကျောင်းသင်ခန်းစာထဲပါတဲ့ မြန်မာစာကြောင်းတွေကို ဖြောင့်တန်းအောင် မဆိုနိုင်တော့သလို သင်္ချာကိန်းဂဏန်းတွေလည်း မေ့တေ့တေ့ဖြစ်လာနေပြီလို့ဆိုပါတယ်။ “(ကိုဗစ်ကြောင့်) ကျောင်းတွေ စပိတ်တုန်းက […]

NUG ၏ ပညာရေးအဖွဲ့ FOEIM မှ အထက်တန်းပြ ဆရာများခေါ်ယူ

diz_admin

May 13, 2022

လာမည့်ပညာသင်နှစ် ၂၀၂၂-၂၀၂၃ အတွက် အခြေခံပညာကျောင်းသားများကို သင်ကြားပေးရန် အထက်တန်းပြများ လျှောက်ထားနိုင်သည်ဟု မေလ ၁၂ ရက်တွင် FOEIM မှ ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ အခြေခံပညာ‌ရေးကို သပိတ်မှောက်ထားသော အထက်တန်းကျောင်းသားများအတွက် FOEIM မှ အစိုးရသင်ရိုးနှင့် GED သင်ရိုးကို ပေါင်းစပ်သင်ကြားသွားရန် ရည်ရွယ်ချက်ဖြင့် အထက်တန်းပြဆရာများကို ခေါ်ယူနေနေင်းဖြစ်သည်။ Free Online Educational Institution Myanmar-FOEIM သည် စဉ်ဆက်မပြတ် ကြားကာလပညာရေးကို Online မှတစ်ဆင့် အခမဲ့သင်ကြားနေပြီး ပညာရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေသော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။ “အရင်က volunteer(စေတနာ့ဝန်ထမ်း) ဆရာတွေကို အင်တာနက်ကြေး၊ ထောက်ပံ့ကြေး သ‌ဘောပေးတာ ရှိတယ်၊ အခု လစာပေးပြီးတော့ တရားဝင်စာချုပ်နဲ့ခေါ်တာ” ဟု FOEIM တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသော ဆရာမတစ်ဦးကဆိုသည်။ ရွေးချယ်ခံရသော ဆရာ၊ဆရာမများကို အတွေ့အကြုံရှိ ဆရာ၊ဆရာမများက လေ့ကျင့်ပေးမည်ဖြစ်ပြီး […]

PPTT တစ်နှစ်သင်တန်းကို ၂ လခွဲသာသင်ပြီး လက်ထောက်မူလတန်းပြများခန့်အပ်

diz_admin

May 4, 2022

ယခင်ကတစ်နှစ်တက်ရသည့် PPTT(လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း) ကို နှစ်လခွဲသာ တက်ခိုင်းပြီး သင်တန်းဆင်းများကို လက်ထောက်မူလတန်းပြများအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ PPTT အမှတ်စဉ်(၇/၂၀)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ၂ လခွဲကျော် သင်တန်းပေးပြီးနောက် အောင်မြင်သူများကို မေလ ၂ ရက်နေ့မှစ၍ လက်ထောက်မူလတန်းပြများ အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။ ယင်းသင်တန်းဆင်းများကို အခြေခံပညာကျောင်းများသို့ မေလ ၂ ရက်နေ့တွင် စတင်ခန့်ထားရာ ထားဝယ်ပညာရေးကောလိပ်မှ အောင်မြင်သူ ၁၀၆ ဦးပါဝင်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ (PPTT) အပတ်စဉ် (၇/၂၀)ကို ၂၀၂၀ […]

B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်

diz_admin

April 24, 2022

ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဆိုင်ရာ (B.Ed.) ဘွဲ့မရသေးသူ ဆရာ၊ ဆရာမများ တက်ရောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းတက်ရောက်ရန်အတွက် ယခင်နှစ်များကဲ့သို့ ဝင်ခွင့်ဖြေစရာမလိုဘဲ လုပ်သက်တန်းစီဇယားအရ သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိရမည်ဖြစ်သည်။ ယခင်နှစ်များတွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် သင်တန်း‌တက်ရောက်ရန်အတွက် လုပ်သက် ၅ နှစ်ပြည့်ပြီးသော အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်များ […]