ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကပ်ရောဂါဆိုင်ရာ

ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည်

diz_admin

August 17, 2020

ကိုဗစ်-၁၉ ရောဂါကို ဓာတ်ခွဲစစ်ဆေးနိုင်သည့် စက်သုံးလုံးကို တနင်္သာရီတိုင်းတွင် တပ်ဆင်မည်ဖြစ်ကြောင်း တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကော့သောင်းမြို့နယ်တွင် တပ်ဆင်ထားပြီး ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ဆက်လက်တပ်ဆင် ရန်အတွက် အခန်းပြင်ဆင်ခြင်း၊ စက်ကိုင်တွယ်အသုံးပြုမည့် ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။ လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု “ဘယ်တော့စစ်နိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။ ဓာတ်ခွဲစစ်ဆေးမှုကို ဆေးယဉ်ပါး တီဘီရောဂါရှာဖွေရေး (GenXPert) စက်ဖြင့် စစ်ဆေးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး မြို့နယ် ၂၆ မြို့နယ်တွင် အဆိုပါစက်ဖြင့် ကိုဗစ် -၁၉ ရောဂါကို ဓာတ်ခွဲစစ်ဆေးနိုင်တော့ မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကမူ ဇူလိုင်နောက်ဆုံးအပတ်က သတင်းထုတ်ပြန်ခဲ့သည်။ […]

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ချေးငွေလျှောက်သူ သုံးရာကျော်ရှိ၊ ရေလုပ်ငန်းအများဆုံးဖြစ်

diz_admin

August 17, 2020

တိုင်းအတွင်းရှိ လုပ်ငန်းအရေအတွက် သုံးရာကျော်မှာ ကိုဗစ်ချေးငွေ လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်းအမျိုးအစားရှစ်ခုကို ချေးငွေလျှောက်ထားခွင့်ပြုထားခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့က စာရင်းပိတ်ခဲ့သည်။ အလယ်တန်းကျောင်းများ ဖွင့်လှစ်ရေး စည်းကမ်းချက်ထပ်တိုး အဆိုပါလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းရှိသည့် ချေးငွေထုတ်ချေးပြီး ချေးငွေကာလကို တစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။ စုစုပေါင်းလျှောက်လွှာ ၃၅၈ စောင်ရှိပြီး ရေလုပ်ငန်းက ၁၄၇ ဝန်းကျင် ပါဝင်ပြီး […]

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

diz_admin

August 14, 2020

မိမိကလေးများကို အောက်ပါအချက်များနှင့် ရင်းနှီးကျွမ်းဝင်အောင် သင်ကြားပေးပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို Dawei Watch မှ တင်ဆက်သည်။

မွန် သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲဖြစ်

diz_admin

August 10, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံးနှင့် သဘင်လုပ်သားများထံမှ သိရသည်။ ဇာတ်သဘင်များ ရပ်နားထားရသည့်အတွက် ဇာတ်ဆရာများက သဘင်လုပ်သားများအား လုပ်အားခ မရှင်းပေးနိုင်ခြင်းကြောင့် သဘင်လုပ်သား ၁၅၀ဝ ကျော်အနေနှင့် ထိုကဲ့သို့ ကြုံနေရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌက ပြောသည်။ ကွမ်းသမားနှင့် ကိုဗစ် “သဘင်သမားဆိုတာ စပေါ်ငွေနဲ့ စရန်ငွေကို မျှော်စားရတာ။ အခု အလုပ်မရှိတော့ စပေါ်ငွေမရဘူး။ ဒီတော့ စားဝတ်နေရေး အိမ်ငှားခနဲ့ ကျောင်းဖွင့်လာပြီ ဆိုရင် သဘင်သမားတွေအတွက် ခက်ခဲတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးစံလင်းက ပြောသည်။ မွန်ပြည်နယ်အတွင်း မြန်မာဇာတ်သဘင်နှင့် မွန်ဇာတ်သဘင် စုစုပေါင်း ၄၁ ဖွဲ့ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန် မတ်လမှစတင်ကာ […]

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

diz_admin

August 7, 2020

[Citizen Action for Transparency (CAfT) ၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်း၏ ‘ကိုဗစ် အဂတိ ဖြစ်တန်ရာများ’ စာတမ်းကို ပုံဖော်ထားပါတယ်]

ဈေးကွက်ထဲမှာ ရှားပါးနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်ပုံပါ ပိုက်ဆံ

diz_admin

August 6, 2020

ဗိုလ်ချုပ်ရုပ်ပုံပါတဲ့ ငွေစက္ကူတွေ ထုတ်ဝေခဲ့တာ အခုဆို နှစ်ကြိမ်ရှိပါပြီ။ ဈေးကွက်ထဲမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေတာမျိုး မတွေ့ရပါဘူး။ ထားဝယ်မှာလည်းပဲ ဗိုလ်ချုပ်ရုပ်ပုံပါ ပိုက်ဆံကို အသုံးမပြုတာဟာ ဘာကြောင့်ပါလဲ။ဗိုလ်ချုပ်ရုပ်ပါ ငွေစက္ကူတွေဟာ ၁၉၈၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉ ၈၇ ခုနှစ်မှာ တစ်ကြိမ် ဖျက်သိမ်းခံခဲ့ရပါတယ်။အဲဒီနောက် ခြင်္သေ့နဲ့ ဆင်ပုံပါတဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ်အကြာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ တစ်ထောင်ကျပ်တန်ကို ပြန်လည်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။