ဆန်ဈေးအနည်းငယ်ကျသည့် မြိတ်ကုန်စည်ဈေးကွက်
diz_admin
March 3, 2023မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းလာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၅၄၅၀၀ ကျပ်မှ ဖေဖော်ဝါရီလတွင် ၆၀၀၀၀၊ ၆၄၅၀၀ မှ ၇၀၀၀၀ ကျပ်အထိ တဖြေးဖြေးမြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ၇၀၀၀၀ ကျပ်ရှိနေခဲ့ရာမှ မတ်လ ၁ ရက်မှစပြီး ၄၀၀၀ ကျပ် ကျဆင်းသဖြင့် ၆၆၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။ ထို့အပြင် ဆန်ချော (ပေါ်ဆန်းမွှေး) တစ်အိတ်လျှင် ၂၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ကျဆင်းလာသည်။ ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ၆၅၀၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည်။ ယခုအပတ်တွင် အမဲသားဈေး တစ်ပိဿာလျှင် တစ်ထောင်ကျပ် ဈေးတက်လာသဖြင့် ဝက်သားဈေးနှင့် တစ်တန်းတည်းဖြစ်လာပြီး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် […]