ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
June 10, 2023ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် ငြိမ်နေရာမှ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းဖြင့် ဈေးဖွင့်ထားပြီး ဓာတ်ဆီဈေးမှာ ဖြည်းဖြည်းချင်း တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရုတ်တရက်တက်လာသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ဆက်တိုက်ငြိမ်နေရာမှ သောကြာနေ့(ဇွန်လ ၉ရက်)တွင် ရုတ်တရက် တက်လာသည်။ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ငါးသောင်းဝန်းကျင်ဖြင့် ငြိမ်နေရာမှ သုံးဆယ့်တစ်သိန်းနီးပါးအထိ တက်လာခြင်းဖြစ်သည်။ ဇွန်လ ၉ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ကိုးသောင်းဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းသာ ရှိခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်ဝန်းကျင်ရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်း တက်လာခဲ့သည်။ ယခုအပတ် […]


