သုံးပတ်ဆက်တိုက်ငြိမ်နေသည့် မြိတ်ကုန်စည်ဈေးကွက်တွင် ကုန်စည်အချို့ ဈေးပြန်တက်
diz_admin
April 14, 2023မြိတ်ကုန်စည်ဈေးကွက်တွင် သုံးပတ်ဆက်တိုက် ကုန်ဈေးနှုန်း တည်ငြိမ်နေရာမှ ယခုအပတ်တွင် ဆန်အပါအဝင် ကုန်စည်အချို့ ဈေးတက်ခဲ့သည်။ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၇၅၀၀၀ ကျပ်မှ ၆၆၀၀ ကျပ်တက်သဖြင့် ၈၁၆၀၀ ကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၁၀၀၀ ကျပ်တက်သဖြင့် ၆၆၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။ ဆယ်ပိဿာဆံ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၆၄၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၅၀၀၀ ကျပ်ဖြစ်လာခဲ့သည်။ ထို့ပြင် တစ်လီတာဆံ နေကြာ၊ ပုဇွန်နှစ်ကောင်၊ ပဲလုံးဆီ ဈေးနှုန်းတို့သည် အနည်းဆုံး ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ မြင့်တက်လာသည်။ ကြက်သွန်နီဈေး ယခင်အပတ်က တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ယခုအပတ်တွင် ၁၇၀၀ ကျပ် ဖြစ်လာသည်။ ထို့ပြင် မြိတ်ရေထွက်ကုန်တစ်ခုဖြစ်သည့် […]