ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စီးပွားရေး

ဆန်၊ ဆီ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

Dawei Watch

July 28, 2023

ပြီးခဲ့သည့်အပတ်က တစ်ထောင်စ၊ နှစ်ထောင်စသာတက်သည့် ဆန်ဈေးသည် ဇူလိုင် ၂၁ ရက်နေ့မှ ၂၈ရက်အထိ တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ကျပ်နှစ်ထောင်မှ ကျပ်တစ်သောင်းကျော်အထိ အတက်ကြမ်းနေသည်။ အကယ်ဒမီဆန်ကြမ်းတစ်အိတ်၏ ဇူလိုင် ၂၁ရက်နေ့ ဈေးနှုန်းမှာ ၈၁၀၀ဝကျပ်ဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၈ရက်နေ့ ဈေးနှုန်းမှာ ၈၃၀၀ဝကျပ် ဖြစ်လာသည်။ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၂၃၀၀ဝကျပ်မှ ၁၃၃၅၀၀ ကျပ်၊ ပေါ်ဆန်း (အကယ်ဒမီ အစိမ်းရောင်တံဆိပ်) တစ်အိတ်လျှင် ၁၀၂၀၀ဝကျပ်မှ ၁၀၅၀၀ဝကျပ်၊ ပေါ်ဆန်း (အကယ်ဒမီ အနီရောင်တံဆိပ်) ဆန်တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်မှ ၁၀၁၀၀ဝကျပ်အဖြစ် အသီးသီး ဈေးတက်သွား သည်။ ယင်းအပြင် ဇူလိုင်လ ပထမအပတ်ကစပြီး ငြိမ်နေသည့် စားသုံးဆီမှာလည်း ဈေးအနည်းငယ်လှုပ်ခတ်လာသည်။ ဇူလိုင်လ ၇ ရက်ကစပြီး […]

ရွှေတစ်ကျပ်သား သုံးဆယ်ငါးသိန်းခွဲ ဝန်းကျင်ဈေးပေါက် (ဇူလိုင် ၂၈)

Dawei Watch

July 28, 2023

ယနေ့ရွှေဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်ပြီး တစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းငါး‌‌ သောင်းဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်နေကြသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်ဆဲ ရွှေဈေး (ဇူလိုင် ၂၇)

Dawei Watch

July 27, 2023

ယနေ့ရွှေဈေးမှာ တိတိကျကျ ဖွင့်နိုင်ခြင်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်သည်။ ယနေ့ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌ငါးသိန်းနှင့် သုံးဆယ်ငါးသိန်းငါးသောင်းကြား ဈေးဖြင့် အရောင်းအဝယ်လုပ်နေသည်။ ထိုင်းဘတ်ဈေးမှာ ပြန်တက်လာပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ်ငါးသိန်းဝန်းကျင်ဖြင့် ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေး (ဇူလိုင် ၂၆)

Dawei Watch

July 26, 2023

နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမည့်ဂယက်ကြောင့် ယနေ့အထိ ရွှေဈေးတိတိကျကျ ဖွင့်နိုင်ခြင်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေဆဲဖြစ်သည်။ ယနေ့ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌ငါးသိန်းကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ထိုင်းဘတ်‌‌နှင့် ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေး (ဇူလိုင် ၂၅)

Dawei Watch

July 25, 2023

ကျပ်နှစ်သောင်းတန် ထုတ်ဝေမည့် ဂယက်ကြောင့် ယနေ့အထိ ရွှေဈေးဖွင့်နိုင်ခြင်း မရှိသေးဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြင့်သာ အရောင်းအဝယ်လုပ်နေကြသည်။ ယနေ့ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ်‌‌ငါးသိန်းနှင့် သုံးဆယ်ခြောက်သိန်းကြားဖြင့် အရောင်းအဝယ် လုပ်နေကြောင်း သိရသည်။ ယမန်နေ့ကမူ သုံးဆယ်ခုနှစ်သိန်းနှင့် သုံးဆယ်ခြောက်သိန်းကြား ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့သည်။ ထိုင်းဘတ်‌‌နှင့် ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်နေသည်။

ဈေးမဖွင့်သည့် ရွှေဈေးကွက်နှင့် ခုန်တက်သည့် ဘတ်ဈေး (ဇူလိုင် ၂၄)

Dawei Watch

July 24, 2023

စစ်ကောင်စီက ယခုလကုန်တွင် ထုတ်ဝေမည်ဟု ကြေညာလိုက်သည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ရွှေစျေးနှင့် ဘတ်စျေးများ ခုန်တက်သွားပြီး ရွှေဆိုင်များက ဈေးမဖွင့်ဘဲ အခြေအနေ စောင့်ကြည့်နေကြသည်။ ယမန်နေ့ကမူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ်‌‌ငါးသိန်း အထိတိုးပြီး ဈေးဖွင့်ခဲ့သော်လည်း ရွှေဆိုင်များက အရောင်းရပ်ထားကြသည်။ ထိုင်းဘတ်‌ဈေးမှာ ခုန်တက်သွားပြီး ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက် ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 22, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင်တန့်နေပြီး အလှုပ်အခတ်နည်းနေသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် တန့်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြိမ်းခဲ့ပြီးပြီး ယခုအပတ်တွင် တန့်နေခဲ့သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းကျပ် ဝန်းကျင်တွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးငြိမ်နေခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တရွေ့ရွေ့တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါး ဈေးပေါက်နေသည်။ ယခုအပတ်ထိုင်းဘတ်ဈေးမှာ တစ်ရက်နှင့်တစ်ရက် ပြားဂဏန်းသာ အတက်အကျရှိနေခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၁၄ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။ ဆက်တိုက်တက်လာသည့် ဓာတ်ဆီဈေး ဓာတ်ဆီဈေးမှာ တရိပ်ရိပ်တက်လာပြီး တစ်လီတာလျှင် […]

ဆန်ဈေးအနည်းငယ် တက်ပြီး ဆီဈေးဆက်ငြိမ်နေသည့်ထားဝယ်ဈေးကွက်

Dawei Watch

July 21, 2023

ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်ကထက် ယခုအပတ်ဆန်ဈေးမှာ အနည်းငယ်တက်လာနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်အပတ်ဇူလိုင် ၁၄ ရက်နေ့က ရွှေဘိုပေါ်ဆန်းဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်ကို ၁၂၁၀၀၀ ကျပ်၊ ရွေဘိုပေါ်ဆန်း(အကယ်ဒမီအစိမ်းတံဆိပ်) ၁၀၁၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း(အကယ်ဒမီအနီတံဆိပ်) ၉၇၅၀၀ ကျပ်သာရှိသည်။ ယနေ့ဇူလိုင် ၂၁ ရက်နေ့တွင် ရွှေဘိုပေါ်ဆန်း ဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအစိမ်းရောင်တံဆိပ်) ၁၀၂၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအနီရောတံဆိပ်) ၉၈၀၀၀ ကျပ်ဖြစ်သွားသည်ကိုတွေ့ရသည်။ ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း ကျပ်ငါးရာမှာ ကျပ် နှစ်ထောင်အထိဈေးတက်သွားခြင်းဖြစ်သည်။ ဆန်ဈေးအနည်းငယ်တက်သော်လည်း စားသုံးဆီဈေးမှာ ဇူလိုင်လ ၇ ရက်မှာ ၂၁ ရက်နေ့အထိ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည်ကိုတွေ့ရသည်။ အမေထွားတံဆိပ် စားသုံးဆီတစ်လီတာ ၈၇၅၀ ကျပ်၊ဇွဲတံဆိပ် ပဲဆီတစ်ပိဿာ ၁၅၇၅၀ ကျပ်၊ နှမ်းဆီ တစ်လီတာ ၉၄၅၀ ကျပ်နှင့် နေကြာဆီ တစ်လီတာ ၇၇၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေခြင်းဖြစ်သည်။ စားအုန်းဆီဈေးမှာ ပြီး ခဲ့သည့်အပတ်က ထက် ကျပ်နှစ်ထောင် ဈေးကျလာသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်အပတ် […]