ဆန်ဈေးအနည်းငယ် တက်ပြီး ဆီဈေးဆက်ငြိမ်နေသည့်ထားဝယ်ဈေးကွက်
Dawei Watch
July 21, 2023ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်ကထက် ယခုအပတ်ဆန်ဈေးမှာ အနည်းငယ်တက်လာနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်အပတ်ဇူလိုင် ၁၄ ရက်နေ့က ရွှေဘိုပေါ်ဆန်းဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်ကို ၁၂၁၀၀၀ ကျပ်၊ ရွေဘိုပေါ်ဆန်း(အကယ်ဒမီအစိမ်းတံဆိပ်) ၁၀၁၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း(အကယ်ဒမီအနီတံဆိပ်) ၉၇၅၀၀ ကျပ်သာရှိသည်။ ယနေ့ဇူလိုင် ၂၁ ရက်နေ့တွင် ရွှေဘိုပေါ်ဆန်း ဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအစိမ်းရောင်တံဆိပ်) ၁၀၂၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအနီရောတံဆိပ်) ၉၈၀၀၀ ကျပ်ဖြစ်သွားသည်ကိုတွေ့ရသည်။ ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း ကျပ်ငါးရာမှာ ကျပ် နှစ်ထောင်အထိဈေးတက်သွားခြင်းဖြစ်သည်။ ဆန်ဈေးအနည်းငယ်တက်သော်လည်း စားသုံးဆီဈေးမှာ ဇူလိုင်လ ၇ ရက်မှာ ၂၁ ရက်နေ့အထိ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည်ကိုတွေ့ရသည်။ အမေထွားတံဆိပ် စားသုံးဆီတစ်လီတာ ၈၇၅၀ ကျပ်၊ဇွဲတံဆိပ် ပဲဆီတစ်ပိဿာ ၁၅၇၅၀ ကျပ်၊ နှမ်းဆီ တစ်လီတာ ၉၄၅၀ ကျပ်နှင့် နေကြာဆီ တစ်လီတာ ၇၇၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေခြင်းဖြစ်သည်။ စားအုန်းဆီဈေးမှာ ပြီး ခဲ့သည့်အပတ်က ထက် ကျပ်နှစ်ထောင် ဈေးကျလာသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်အပတ် […]


