ရွှေတစ်ကျပ်သား ကျပ်နှစ်သောင်း ထပ်ကျ (စက်တင်ဘာ ၁၉)
Dawei Watch
September 19, 2023ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သောင်း ထပ်ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းလေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၅၀ ဘတ်ပေါက်ဈေးရှိသည်။


