ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စီးပွားရေး

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

November 26, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနေသည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်း ဝန်းကျင်ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ အတက်အကျနည်းနေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၃၈  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် ဓာတ်ဆီဝယ်ရခက်ခဲပြီး တန်းစီဝယ်ယူနေရပြီးနောက် ဈေးနှုန်း အပြောင်းအလဲနည်းခဲ့သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲနည်းနေပြီး တစ်လီတာလျှင် နှစ်ထောင်သုံးရာကျပ်နီးပါး ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၈၅ ကျပ် ဈေးဖွင့်ခဲ့သည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် […]

ဆန်စျေးဆက်တက်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်ဈေးကျသည့် ထားဝယ်ဈေးကွက်

Dawei Watch

November 24, 2023

ထားဝယ်တွင် ယခုအပတ် ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက် ဈေးကျဆင်းလာသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့က ထားဝယ်တွင် ကြက်သွန်ဖြူ ထူးလေး အမျိုးအစား တစ်ပိဿာ ၁၂၅၀၀ ကျပ်၊ ထူးငါးအမျိုးအစား တစ်ပိဿာ ၁၃၅၀၀ကျပ် စျေးရှိရာမှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထူးလေး တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ထူးငါး တစ်ပိဿာ ၁၃၀၀၀ကျပ်သာ ရှိတော့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာ ကျပ်ငါးရာဈေးကျလာခြင်းဖြစ်သည်။ ကြက်သွန်ဖြူနည်းတူ ငရုတ်သီးခြောက်ဈေးများမှာလည်း ကျဆင်းနေသည်။ ရွှေအပ် ငရုတ်သီးခြောက် (မိုးထောင်) တစ်ပိဿာဈေးမှာ ယခင်အပတ်က ၁၁၅၀၀ကျပ်မှ ယခုအပတ် ၁၁၀၀၀ကျပ်၊ ငရုတ်ပုခြောက်တစ်ပိဿာဈေးမှာ ၂၂၅၀၀ကျပ်မှ ၂၀၀၀၀ကျပ်သို့ ဈေးကျလာခြင်းဖြစ်သည်။ တစ်ပတ်အတွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ် ၅၀၀မှ ကျပ် ၂၅၀၀အထိ […]

‌တစ်ကျပ်သား သုံးဆယ့်ခြောက်သိန်းအတိဖြင့် ဆက်တိုက်ငြိမ်‌နေသည့် ရွှေဈေး (နိုဝင်ဘာ ၂၄)

Dawei Watch

November 24, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၆၀၀၀၀၀)သုံးဆယ်ခြောက်သိန်းတိတိ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၃၈ ဘတ် ပေါက်ဈေး ရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

‌တစ်ကျပ်သား သုံးဆယ့်ခြောက်သိန်းအတိဖြင့် ဈေးငြိမ်‌နေသည့် ရွှေဈေး (နိုဝင်ဘာ ၂၃)

Dawei Watch

November 23, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၆၀၀၀၀၀)သုံးဆယ်ခြောက်သိန်းတိတိ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ငြိမ်နေပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၄၂ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ့်ခြောက်သိန်းအတိ ဈေးဖွင့်ထားသည့် ရွှေဈေး (နိုဝင်ဘာ ၂၂)

Dawei Watch

November 22, 2023

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၆၀၀၀၀၀)သုံးဆယ်ခြောက်သိန်းတိတိ ဈေးဖွင့်ထားသည်။ ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်‌နှစ်သောင်း ဈေးတက်လာသည်။ ထိုင်းဘတ်ဈေးမှာ ကျသွားပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၄၂ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်‌ခြောက်သောင်း ထပ်ကျပြန် (နိုဝင်ဘာ ၂၁)

Dawei Watch

November 21, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်‌ခြောက်သောင်း ထပ်ကျ သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၅၈၀၀၀၀)သုံးဆယ်ငါးသိန်း‌ရှစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာတက်နေပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၂၉ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်ရှစ်သောင်းအထိ ထိုးကျ (နိုဝင်ဘာ ၂၀)

Dawei Watch

November 20, 2023

နိုဝင်ဘာလ ၁၇ ရက်နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်ရှစ်သောင်းအထိ ထိုးကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၆၄၀၀၀၀)သုံးဆယ်ခြောက်သိန်း‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာငြိမ်နေပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၃၅ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

November 18, 2023

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ကြမ်းခဲ့ပြီး ဈေးတန်းအမြင့်ဘက် ရောက်လာသည်။ ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ အတက်ကြမ်းခဲ့ပြီး ရုတ်တရက်ထိုးတက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ ဝန်းကျင်မှ ၃၇ သိန်းကျော်အထိ ဈေးမြောက်သွားသည်။ ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင်အထိ ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၃၅  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် ဓာတ်ဆီဝယ်ရခက်ခဲပြီး တန်းစီဝယ်ယူနေရချိန်တွင် ဈေးနှုန်း အပြောင်းအလဲနည်းခဲ့သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် နှစ်ထောင်တစ်ရာကျပ်စွန်းစွန်း […]