ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စီးပွားရေး

ဆန်ဈေးအနည်းငယ်ကျပြီး စားအုန်းဆီပြတ်နေသည့် မြိတ်ကုန်စည်ဈေးကွက်

Dawei Watch

October 13, 2023

ဆန်ဈေး နှစ်ပတ်ဆက်တိုက် ဈေးနှုန်းတည်ငြိမ်နေခဲ့သည့် မြိတ်ကုန်စည်ဈေးကွက်သည် ယခုအပတ်တွင် ဆန်ဈေး အနည်းငယ်ကျဆင်းလာသည်။ ယခင်အပတ်က ရွှေဘိုပေါ်ဆန်းမွှေး (အောင်သီဟ) တစ်အိတ်လျှင် ၁၇၃၀၀၀ ကျပ်ဈေးရှိရာမှ ၃၀၀၀ ကျပ် ကျဆင်းသဖြင့် ယခုအပတ်တွင် ၁၇၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ပေါ်ဆန်းအကယ်ဒမီ အနီ တစ်အိတ်လျှင် ယခင်အပတ်က ၁၂၀၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် ကျဆင်းသဖြင့် ၁၁၈၀၀၀ ကျပ်နှုန်းဖြစ်လာသည်။ ဆယ်ပိဿာဆံ့ စားအုန်းဆီတစ်ပုံးလျှင် ၈၄၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ငါးရာကျပ် ကျဆင်းလာသည်။ ထို့အပြင် ကြက်သွန်ဖြူတစ်ပိဿာလျှင်လည်း ယခင်အပတ်က ၁၁၅၀၀ ကျပ်ဈေးရှိရာမှ ၁၅၀၀ ကျပ်ကျဆင်းသဖြင့် ၁၀၀၀၀ ကျပ်နှုန်း ဖြစ်လာသည်။

တစ်ပတ်လုံးငြိမ်နေသည့် ရွှေဈေး (အောက်တိုဘာ ၁၃)

Dawei Watch

October 13, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ ငါးရက်ဆက်တိုက် ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းတစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ပြန်ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၉၂ ဘတ် ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

၃၄ သိန်းစွန်းစွန်းဖြင့် လေးရက်ဆက်ငြိမ်နေသည့် ရွှေဈေး (အောက်တိုဘာ ၁၂)

Dawei Watch

October 12, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ လေးရက်ဆက်တိုက် ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းတစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြ‌နေပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၈၂ဘတ်ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ၃၄ သိန်းစွန်းစွန်းဖြင့် သုံးရက်ဆက်တိုက်ငြိမ် (အောက်တိုဘာ ၁၁)

Dawei Watch

October 11, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ သုံးရက်ဆက်တိုက် ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းတစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၈၈ ဘတ်ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

၃၄ သိန်းစွန်းစွန်းဖြင့် ငြိမ်နေသည့် ရွှေဈေး (အောက်တိုဘာ ၁၀)

Dawei Watch

October 10, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းတစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၉၈ ဘတ်ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်‌နှစ်သောင်းတက် (အောက်တိုဘာ ၉)

Dawei Watch

October 9, 2023

အောက်တိုဘာလ ၆ ရက်နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်‌သောင်း တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းတစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၁၁၀၀ ဘတ်ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

October 8, 2023

ယခုအပတ် ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး ထိုင်းဘတ်ဈေးလည်း ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ တောက်လျှောက် ကျရိပ်ပြနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေဈေးမှာ အကျဈေးတွင် အလှုပ်အခတ်နည်းနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းဝန်းကျင်တွင် ငြိမ်နေခဲ့သည်။ ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်းသာ အတက်အကျရှိခဲ့သည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်သလောက်ရှိနေပြီး တစ်ဘတ်လျှင်  ငွေကျပ် ပြားဂဏန်းသာ အလှုပ်အခတ်ရှိနေသည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၀၀  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၂၁၀၀ ကျပ်ဝန်းကျင်ပေါက်ဈေးရှိပြီး တောက်လျှောက်ကျနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၁၅ ကျပ်မှ ၂၁၉၀ ကျပ်အကြား အလှုပ်အခတ်ရှိနေသည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် […]

မြိတ်တွင် အခြေခံစားကုန်များ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်

Dawei Watch

October 6, 2023

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းတို့သည် နှစ်ပတ်ဆက်တိုက် ငြိမ်နေသည်။ ပြီးခဲ့သည် စက်တင်ဘာလ နောက်ဆုံးအပတ်နှင့် ယခု အောက်တိုဘာလ ပထမအပတ်တို့၏ အခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်သည်။ ငရုတ်သီးနှင့် ရေထွက်ကုန်အချို့မှာမူ ဈေးအနည်းငယ်ကျသည်။ ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာဈေးသည် ယခင်က ၁၉၀၀၀ ကျပ်ဈေးရှိရာမှ ယခုအပတ်တွင် ၂၀၀၀ ကျပ် ကျဆင်းသဖြင့် ၁၇၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။ ရေထွက်သားငါးအချို့မှာ ကျပ်ငါးရာမှ တစ်ထောင်ကျပ်အထိ ဈေးကျဆင်းခဲ့သည်။ သားငါးဈေးကွက်တွင် စစ်ကောင်စီက ဝက်သားတစ်ပိဿာအား ကျပ် ၁၅၀၀၀ ဖြင့်သာ ရောင်းချရန် သတ်မှတ်ထားသော်လည်း မြေပြင်တွင် ပေါက်ဈေးဖြစ်သည့် ၁၉၀၀၀ ကျပ်ဖြင့်သာ ရောင်းချနေကြသည်။ ကျန်စားသောက်ကုန်စည်ဈေးနှုန်းများ အပြောင်းအလဲ သိပ်မရှိခဲ့ပေ။