ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စီးပွားရေး

ရေထွက်ကုန်ပစ္စည်းများဈေးကျပြီး ဆန်ဈေးဆက်တက်သည့် ထားဝယ်ဈေးကွက်

Dawei Watch

November 17, 2023

ထားဝယ်တွင် ယခုအပတ် ရေထွက်ကုန်ပစ္စည်းများဈေးကျလာပြီး ဆန်ဈေး ဆက်လက်မြင့်တက်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်အပတ် နိုဝင်ဘာလ ၁၀ ရက်နေ့က ငါးကွန်းရှပ် တစ်ပိဿာ ၃၂၀၀၀ ကျပ်ခန့်ရှိရာ ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တစ်ပိဿာ ၂၃၀၀၀ ကျပ်သာရှိတော့သည်။ တစ်ပတ်အတွင်းငါးကွန်းရှပ်တစ်ပိဿာ ကျပ်တစ်သောင်းဈေးကျသွားခြင်းဖြစ်သည်။ ငါးကွန်းရှပ်အပြင် လူအများစားသုံးကြသည့် ပါလန်း(ခေါ်) ငါးလုံး ငါး တစ်ပိဿာဈေးမှာလည်း တစ်ပိဿာ ၄၅၀၀ကျပ်မှာ ၃၀၀၀ ကျပ်အထိ ဈေးကျသွားသည်။ ထားဝယ်ငါးဈေးကွက်သို့ ယခုတစ်ရက်နှစ်ရက်အတောအတွင်း ငါးအဝင်များနေသည့်အတွက်ကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း ထားဝယ်ကမ်နားဈေးရှိ ငါးအဝယ်ဒိုင်များထံမှသိရသည်။ ရေထွက်ကုန်ပစ္စည်းများ‌ဈေးနှုန်းကျဆင်း နေသော်လည်း ဆန်ဈေးမှာ နှစ်ပတ်ဆက်တိုက် ဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ရက်ကိုးဆယ် အမျိုးစား ဆန်ကြမ်း တစ်အိတ်လျှင် ၈၈၅၀၀ကျပ်သာရှိရာမှာ နိုင်ဝင်ဘာ […]

ရွှေတစ်ကျပ်သား ကျပ်ငါးသောင်း ထပ်တက်ပြန် (နိုဝင်ဘာ ၁၇)

Dawei Watch

November 17, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်ငါးသောင်း ထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၃၇၂၀၀၀၀)သုံးဆယ်ခုနှစ်သိန်းနှစ်သောင်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း အနည်းငယ်တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၃၅ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်ခုနှစ်သောင်း ထပ်တက် (နိုဝင်ဘာ ၁၆)

Dawei Watch

November 16, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်ခုနှစ်သောင်း ထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၃၆၇၀၀၀၀)သုံးဆယ်ခြောက်သိန်းခုနှစ်သောင်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ကျလာပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၄၅ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်ရှစ်သောင်း ခုန်တက် (နိုဝင်ဘာ ၁၅)

Dawei Watch

November 15, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်ရှစ်သောင်း ခုန်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၆သိန်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ခုန်တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၃၄ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်နှစ်သောင်း ဈေး‌တက် (နိုဝင်ဘာ ၁၄)

Dawei Watch

November 14, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်း ဈေးတက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းနှစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၁၀၇၉ ဘတ် ပေါက်ဈေးရှိသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား သုံးဆယ်ငါးသိန်း ဈေး‌ဖွင့် (နိုဝင်ဘာ ၁၃)

Dawei Watch

November 13, 2023

နိုဝင်ဘာ ၉ ရက်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးတက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅သိန်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၈‌၇ ဘတ် ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေ၊ထိုင်းဘတ်နှင့် စက်သုံးဆီဈေး သုံးသပ်ချက်

Dawei Watch

November 12, 2023

ယခုအပတ် ပြည်တွင်းရွှေဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် အတက်အကျဖြစ်နေသလို ထိုင်းဘတ်မှာလည်း ဖြည်းဖြည်းသာ တက်ရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းသည့် ကာလဟု ဆိုနိုင်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ အလှုပ်အခတ်နည်းနေခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းခွဲမှ သုံးဆယ်လေးသိန်းကိုးသောင်း ကြား အတက်အကျဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တဖြည်းဖြည်းချင်းတက်ရိပ်ပြလာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၃ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ထိုင်းငွေ ၁၀၈၃  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် နှစ်ထောင့်တစ်ရာကျပ်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၃၀ ကျပ် ဈေးဖွင့်ခဲ့သည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် […]

ဆန်ဈေးတက်လာသည့် ထားဝယ်ဈေးကွက်

Dawei Watch

November 10, 2023

ထားဝယ်ဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ဆန်ဈေးတက်လာသည်။ ၂၄ ပြည်ဝင် ဆန်တစ်အိတ်လျှင် အနည်းဆုံး ကျပ်ငါးထောင်ကျော်မှ ကျပ်တစ်သောင်းကျော်အထိ ဈေးတက်လာသည်။ နိုဝင်ဘာလ ၃ ရက်နေ့က အကယ်ဒမီ ရက် ၉၀ ဆန်ကြမ်းတစ်အိတ် ၈၈,၅၀၀ ကျပ်သာရှိရာမှ ယနေ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် ၉၂,၀၀၀ ကျပ် ဖြစ်လာသည်။ ထို့နည်းတူ ရွှေဘိုပေါ်ဆန်းဆန် (အောင်သီဟ) တံဆိပ် တစ်အိတ်လျှင် ၁၇၅,၅၀၀ ကျပ်မှ ၁၈၁,၀၀၀ ကျပ်၊ ပေါ်ဆန်း အကယ်ဒမီ (အစိမ်းရောင်တံဆိပ်) တစ်အိတ်လျှင် ၁၂၇,၅၀၀ ကျပ်မှ ၁၃၅,၀၀၀ ကျပ်၊ ပေါ်ဆန်းအကယ်ဒမီ (အနီရောင်တံဆိပ်) တစ်အိတ် လျှင် ၁၁၇၀၀၀ ကျပ်မှ ၁၂၉၅၀၀ ကျပ် ဖြစ်လာကြသည်။ ဆီဈေးမှာ ဇယားပါအတိုင်း ဈေးနှုန်းအတိုင်း […]