ကျပ်လေးသောင်း ထပ်တက်သည့် ရွှေဈေး (ဇွန် ၂၆ )
Dawei Watch
June 26, 2023ဇွန်လ ၂၃ ရက်နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်လေးသောင်း ထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သုံးဆယ်နှစ်သိန်း (3200000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်တက်လာပြီး ဓာတ်ဆီဈေးမှာ ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။