BREAKING
October 30, 2025

စီးပွားရေး

မြိတ် အ‌ခြေခံစားသောက်ကုန်အများစု ဈေးနှုန်းတည်ငြိမ်

Dawei Watch

October 20, 2023

မြိတ်မြို့ရှိ အ‌ခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။ ယခင်အပတ်နှင့် နှိုင်းစာလျှင် အပြောင်းအလဲ မရှိလှပေ။ သို့သော် ငရုတ်သီးနှင့် သားငါးဈေးနှုန်းတို့မှာမူ အနည်းငယ် အပြောင်းအလဲရှိသည်။ ငရုတ်သီးခြောက် (ရွှေအပ်) မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၅၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ကျဆင်းလာသဖြင့် ယခုအပတ်တွင် ၁၂၀၀၀ ကျပ်နှုန်း ရောင်းချနေကြသည်။ ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာမှာမူ ယခင်အပတ်က ၂၁၀၀၀ ကျပ်ဈေးရှိရာမှ ၁၀၀၀ ကျပ် တက်လာသဖြင့် ယခုအပတ်တွင် ၂၂၀၀၀ ကျပ်နှုန်း ဖြစ်လာသည်။ သားငါးအချို့တို့၏ ဈေးနှုန်းသည် ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ်တစ်ထောင်မှ ကျပ်တစ်ထောင်ငါးရာအထိ ကျဆင်းလာခဲ့သည်။ ဈေးနှုန်းများ အပြောင်းအလဲ အနည်းငယ်သာရှိသော်လည်း အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်အား ပြည်သူလူထု ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

ကျပ်တစ်သောင်း တက်လာသည့် ရွှေဈေး (အောက်တိုဘာ ၂၀)

Dawei Watch

October 20, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်းတက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းငါးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၁၀၂ ဘတ် ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ့်လေးသိန်းလေးသောင်းဖြင့် ငြိမ်နေသည့် ရွှေဈေး (အောက်တိုဘာ ၁၉)

Dawei Watch

October 19, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ဈေးငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းလေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၉၅ ဘတ် ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား သုံးဆယ့်လေးသိန်းလေးသောင်းဖြင့် ဈေးငြိမ် (အောက်တိုဘာ ၁၈)

Dawei Watch

October 18, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ဈေးငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းလေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၉၅ ဘတ် ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ပြန်ကျ (အောက်တိုဘာ ၁၇)

Dawei Watch

October 17, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ပြန်ကျလာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းလေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း အနည်းငယ်ပြန်ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၉၅ ဘတ် ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်လေးသောင်းတက် (အောက်တိုဘာ ၁၆)

Dawei Watch

October 16, 2023

အောက်တိုဘာလ ၁၃ ရက်နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်လေးသောင်း တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းငါးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၉၀ ဘတ် ပေါက်ဈေးရှိသည် ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

October 14, 2023

ယခုအပတ် ရွှေဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေပြီး ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြခဲ့သည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေဈေးမှာ အလှုပ်အခတ်မရှိဘဲ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်လေးသိန်းတစ်သောင်းကျပ်ဖြင့်  တစ်ပတ်လုံး  ငြိမ်နေသည်။ ထားဝယ်ဈေးကွက်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ ငါးရက်စလုံး အတက်အကျမရှိဘဲ ငြိမ်နေခြင်းဖြစ်သည်။ ထိုင်းဘတ်ဈေးမှာ တဖြည်းဖြည်းချင်းတက်ရိပ်ပြခဲ့ပြီး တစ်ဘတ်လျှင်  ငွေကျပ် ပြားဂဏန်း အလှုပ်အခတ်ရှိခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ  ၉၂ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၀၉၂  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိပြီး အကျဘက်ရောက်နေသည်။ […]

ဆန်ဈေးအနည်းငယ်ကျပြီး စားအုန်းဆီပြတ်နေသည့် မြိတ်ကုန်စည်ဈေးကွက်

Dawei Watch

October 13, 2023

ဆန်ဈေး နှစ်ပတ်ဆက်တိုက် ဈေးနှုန်းတည်ငြိမ်နေခဲ့သည့် မြိတ်ကုန်စည်ဈေးကွက်သည် ယခုအပတ်တွင် ဆန်ဈေး အနည်းငယ်ကျဆင်းလာသည်။ ယခင်အပတ်က ရွှေဘိုပေါ်ဆန်းမွှေး (အောင်သီဟ) တစ်အိတ်လျှင် ၁၇၃၀၀၀ ကျပ်ဈေးရှိရာမှ ၃၀၀၀ ကျပ် ကျဆင်းသဖြင့် ယခုအပတ်တွင် ၁၇၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ပေါ်ဆန်းအကယ်ဒမီ အနီ တစ်အိတ်လျှင် ယခင်အပတ်က ၁၂၀၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် ကျဆင်းသဖြင့် ၁၁၈၀၀၀ ကျပ်နှုန်းဖြစ်လာသည်။ ဆယ်ပိဿာဆံ့ စားအုန်းဆီတစ်ပုံးလျှင် ၈၄၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ငါးရာကျပ် ကျဆင်းလာသည်။ ထို့အပြင် ကြက်သွန်ဖြူတစ်ပိဿာလျှင်လည်း ယခင်အပတ်က ၁၁၅၀၀ ကျပ်ဈေးရှိရာမှ ၁၅၀၀ ကျပ်ကျဆင်းသဖြင့် ၁၀၀၀၀ ကျပ်နှုန်း ဖြစ်လာသည်။