ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
October 28, 2023ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်မှာ အလှုပ်အခတ်နည်းနည်းဖြင့် အကျဘက်ဦးတည်နေခဲ့သည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ်နည်းသည့် ကာလဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး ကျရိပ်ပြခဲ့သည့် ကာလဖြစ်သည်။ ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်လေးသိန်းနှစ်သောင်းကျပ်မှ သုံးဆယ်လေးသိန်းငါးသောင်းကျပ်အကြား ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးလည်း အကျဘက်ရောက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၀ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ၈၉ ကျပ်စွန်းစွန်းပေါက်ဈေးရှိပြီး ထိုင်းငွေ ၁၁၂၀ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ယခုအပတ် ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် […]


