ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
January 13, 2024ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် ဈေးငြိမ်နေခဲ့သည်။ စက်သုံးဆီဈေးမှာ အနည်းငယ် ကျရိပ်ပြလာခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ အတက်အကျနည်းခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ အလှုပ်အခတ်ရှိခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခုနစ်သိန်းစွန်းစွန်း ဈေးဖွင့်ခဲ့သည်။ ထိုင်းဘတ်ဈေးလည်း တောက်လျှောက်ငြိမ်နေပြီး တစ်ဘတ်လျှင် ၉၈ ကျပ်စွန်းစွန်း ပေါက်ဈေးရှိခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၁၈ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ ကျရိပ်ပြလာသော်လည်း အပြောင်းအလဲနည်းခဲ့သည်။ ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၅၈၅ ကျပ်မှ ၂၆၀၅ ကျပ်အကြား ဈေးဖွင့်ခဲ့သည်။ အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် […]


