ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
March 30, 2024ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်အတက်ကြမ်းခဲ့ပြီး အမြင့်ဆုံးဈေးသို့ ရောက်နေသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေပြီး ကျရိပ်ပြခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်အခေါက်ရွှေဈေးမှာ အတက်ကြမ်းခဲ့ပြီး တစ်ရက်နှင့် တစ်ရက်ဈေးနှုန်း အလှုပ်အခတ်ကြမ်းကာ တစ်ကျပ်သားလျှင် ငွေကျပ်ရှစ်သောင်းအထိ အပြောင်းအလဲရှိခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ်ငါးသိန်းအထိ စံချိန်တင်ဈေးတက်သွား ခဲ့သည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး ထိုင်းငွေ ၁ ဘတ်လျှင် ၁၀၀ ကျပ်ကျော်သွားခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၅၅ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ ကြာသပတေးနေ့တွင် ကျရိပ်ပြလာသည်။ ထားဝယ်ဈေးကွက်တွင် ၉၂ […]


