ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ချိန် ကျပ်ငွေလဲနှုန်း အနည်းငယ်ပြန်တက်
Dawei Watch
September 7, 2024တောက်လျောက်ထိုးကျခဲ့သည့် ကျပ်ငွေလဲလှယ်နှုန်းထားမှာ ယနေ့တွင် အနည်းငယ်ပြန်တက်လာကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ညနေ ပေါက်ဈေးအရ မြန်မာငွေတစ်သိန်းလျှင် ၆၆၀ ဘတ်အထိ ပြန်တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၁ ကျပ် ပေါက်ဈေးရှိခဲ့သည်။ ပြီးခဲ့သည့်နေ့ကမူ မြန်မာငွေတစ်သိန်းလျှင် ၆၄၅ ဘတ်ပေါက်ဈေးရှိပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၅ ကျပ်စွန်းစွန်း ဈေးဖွင့်ထားခဲ့သည်။ ငွေလဲလုပ်ငန်းရှင်အချို့၏ အဆိုအရ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ လစာထုတ်သည့်ကာလဖြစ်သည့်အတွက် ထိုင်းဘတ်တန်ဖိုး အနည်းငယ်ကျကာ ကျပ်ငွေဈေးနှုန်း အနည်းငယ်ပြန်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ “လစာထုတ်ကာလမို့ ခဏလေး ပြန်တက်လာတာ။ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ပြန်ကျမှာပဲ”ဟု ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထိုသို့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ကာလဖြစ်သည့် လကုန်ပြီး တစ်ပတ်တာကာလအတွင်း ထိုင်းဘတ်ဈေးနှုန်း ကျဆင်းလေ့ရှိကြောင်း ရွှေ့ပြောင်းလုပ်သားအချို့က ဆိုသည်။ သို့သော် စျေးကွက်အတွင်း […]


