ဆန်၊ ဆီစျေးငြိမ်နေသည့် ထားဝယ်စျေးကွက်
Dawei Watch
March 15, 2024ထားဝယ်တွင် ယခုအပတ် ကြက်သွန်နီစျေး အနည်းငယ်ကျပြီး ဆန်၊ ဆီ စျေးငြိမ်နေသည်။ ပြီးခဲ့သည့်အပတ်က ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်အထိ စျေးရှိရာမှ ယနေ့ တစ်ပိဿာလျှင် ၃၃၀၀ ကျပ်သာ ကျန်တော့သည်။ ထားဝယ်တွင် တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိတ်ဿာ ၂၀၀ကျပ် စျေးကျလာသည်ကို တွေ့ရသည်။ မတ်လ ၁ ရက်နေ့က ဆန်ကြမ်း တစ်အိတ် ၁၂၂၅၀၀ ကျပ်စျေးရှိရာမှ တစ်ပတ်အတွင်း ၁၂၃၅၀၀ အထိ စျေးတက် သွားပြီး ယနေ့အထိ အတက်စျေးဖြင့် စျေးငြိမ်နေသည်။ ဆန်ကြမ်းနည်းတူ ဆန်ချောနှင့် ဆီ၊ ငရုတ်သီးစျေးများမှာလည်း အပြောင်းအလဲ မရှိ စျေး ငြိမ်နေသည် ကို တွေ့ရသည်။